အပိုင်း ၁၁

3.2K 374 23
                                    

[Unicode]

ကိုယ့်ထက်အရပ်ရှည်ရှည်ကလန်ကလားကြီးကို ကျောပေါ်တင်ထားရတာ သိပ်တော့မလွယ်လှ။ပခုံးပေါ်မှီတင်ထားတဲ့ဆီက အသက်ရှူသံမျှင်းမျှင်းလေးကြားနေရသေးသည်။ဆေးရုံသို့အမြန်ရောက်ချင်ဇောနဲ့ ပြေးမိတဲ့အခိုက်မှာ ညည်းသံသဲ့သဲ့ပြုသည်။သူနာကျင်မှာစိုးလို့ မပြေးဘဲအတတ်နိုင်ဆုံး သွက်သွက်လျှောက်ရသည်။

ကျောပြင်ကခပ်နွေးနွေးတွေပိုမိုစိုစွတ်လာလေ လူကကြောက်လန့်ပြီးရူးချင်လာလေ။ သို့သော် ကိုယ်ကရပ်တန့်လိုက်လို့မဖြစ်၊ပြိုလဲသွားလို့မဖြစ်။အသစ်ရောက်တဲ့ဒီဇိုင်းလေးဆိုပြီး ဖေကြီးဆိုင်ကတမက်တမောယူစီးထားတဲ့ စကောလ်ကွင်းထိုးဖိနပ်လေးက အခုချိန်မှာခဲဆွဲထားသလို လေးလံနေသည်။တွေဝေနေလို့မရ အလျှင်အမြန်ဆုံးဖြတ်ချက်ချပြီး ဖိနပ်ကိုချွတ်ချခဲ့ချိန်မှာ နောင်တတစိုးတစိမျှမရခဲ့။ရောက်နေတဲ့မြို့ပြင်နဲ့ မြို့လယ်ခေါင်ကဆေးရုံကအတော်အလှမ်းဝေးသည်။ည၉နာရီခန့်ရှိပြီမို့ အိမ်ခြေစိပ်လာသော်လည်းခြံတံခါးသော့ခတ်ပြီးအေးအေးလူလူအနားယူနေတဲ့အချိန်။ဖြတ်သွားတဲ့ကား‌တွေကိုတားကြည့်သည် မရပ်ပေးချေ။မြင်းလှည်းတစ်စီး၊ဆိုက်ကားတစ်စီးပင်ဖြတ်မသွား။ခပ်ဝေးဝေးမှာ ညဘက်ဖွင့်တဲ့လက်ဖက်ရည်ဆိုင်ကမီးအလင်းရောင်ကိုလှမ်းမြင်နေရသည်။

"ဟင်း..."

ပခုံးပေါ်ကညည်းသံထွက်လာတော့ အတော်စိုးရိမ်မိသည်။

"အခ..ဘာဖြစ်လို့လဲ။အရမ်းနာလို့လား"

"မင်းမောနေပြီ"

မမောခံနိုင်ရိုးလား။ကိုယ့်ထက်ဝိတ်များတဲ့သူကိုမ,ချီလာတာ နည်းနည်းနောနောအကွာအဝေးမဟုတ်။

"မင်း....မင်း နည်းနည်းလောက်သည်းခံနိုင်သေးရင်  ငါ  ငါ ခဏ  နား..."

"အင်း"

လူကဇောနဲ့သယ်လာခဲ့တုန်းကမောတယ်မထင်ပေမယ့် စကားတစ်ခွန်းနှစ်ခွန်း ပြောပြီးနောက် အားပြတ်ချင်လာသည်။နားမယ်လို့ပြောပြီး သူ့ကိုအောက်ချပြီးကြည့်မိခါမှနောင်တအကြီးအကျယ်ရသည်။အကျီကမြင်မကောင်းအောင်နီစွေးနေပြီး ခြေထောက်တစ်လျှောက် ဒူးအထိပါစီးကျနေတာ။အက်ရှင်ကားတွေထဲကလိုအကြံရပြီး ကိုယ့်အကျီကိုချွတ်ပြီး ဓားဒဏ်ရာရှိတဲ့နားစည်းပေးတော့သူကငြင်းသည်။

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now