အပိုင်း ၂

4.4K 456 32
                                    

[Unicode]

ကျောင်းတက်ခေါင်းလောင်းထိုးပြီးနောက်အတန်းပိုင်ဆရာမဝင်လာသည်။ထုံးစံအတိုင်းပင်....

"ကဲ..အခုမှကျောင်းစဖွင့်တာဆိုတော့အခန်းထဲသားတို့သမီးတို့သိတဲ့အတိုင်းလိုအပ်တာတွေအများကြီးပဲ။ဒီတော့ဆရာမကလိုအပ်တာလေးတွေဘယ်သူလှူမလဲမေးကြည့်မယ်။အလှူရှင်တွေရှိရင်တော့အဆင်ပြေတယ်။အလှူရှင်မရှိရင်တော့အလှူငွေကောက်ပြီးဝယ်ကြရအောင်။ ကဲ...ပထမဆုံး ရေပုံး၊ရေစစ်ဘယ်သူလှူမလဲ။"

တပြိုင်နက်လက်ထောင်လိုက်တဲ့သူနှစ်ယောက်ကိုဆရာမကသေချာကြည့်သည်။

"သားနေဝန်းကလှူမလို့လား။နောက်ကသားနာမည်က ဘယ်သူ...။"

"ကြယ်ရောင်ထင်းပါဆရာမ"

"နှစ်ယောက်ဖြစ်နေတော့ဒီလိုလုပ်။သားနေဝန်းကရေပုံးနဲ့ရေစစ်လှူလိုက် ဟုတ်ပြီလား။သားကြယ်ရောင်ကတံမြတ်စည်းနဲ့ဂေါ်ပြားလှူလိုက်နော်။"

"ဟုတ်ကဲ့"

တပြိုင်တည်းအသံထွက်လာပေမယ့်။ကြယ်ရောင်စိတ်ထဲနောက်ကျိနေပြီ။ကိုယ့်နေရာကိုလုယူခံလိုက်ရတဲ့ခံစားချက်နဲ့အရှုံးပေးလိုက်ရတဲ့ခံစားချက်တွေတလိမ့်လိမ့်တက်လာသည်။အမြဲတမ်းပဲအလိုလိုက်ခံရပြီးဦးစား ပေးခံရတဲ့သူဟာ အခုတော့ ဘေးကိုတွန်းပို့ခံရတဲ့ ခံစားချက်ဝေဒနာပေါ်လာသည်။တကယ်ဆိုယောက်ျားတစ်ယောက်ဟာသည်လောက်သဘောထားမသေးသိမ်သင့်။

ဖွေးတယ်ဆိုတာထက်ကြည်နေတဲ့သူ့အသားအရည်ကိုမနာလိုဖြစ်မိသည်။အရပ်ရှည်ပါတယ်ဆိုတဲ့ကိုယ့်ထက်ပိုပြီးအရပ်ရှည်ထွားကျိုင်းနေတာလည်းမနာလိုဖြစ်မိသည်။ပန်းရင့်ရောင်နှုတ်ခမ်းတွေနဲ့လိုက်ဖက်လွန်းတဲ့သွားစွယ်ဖွေးဖွေးတွေ။ထိုသူရဲ့အရာရာကပြည့်စုံနေသလိုပင်ခံစားရသည်။အပယ်ခံရမှာကြောက်တဲ့အငုံ့စိတ်က တွန်းထိုးပေါ်ပေါက်လာသည်။

ဆရာမဘာဆက်ပြောနေလဲမကြားနိုင်လောက်အောင်အတွေးထဲနစ်ဝင်နေမိသည်။

"သားနေဝန်းကအရပ်ကြီးကလန်ကလားနဲ့ရှေ့တန်းမှာထိုင်နေတာလား။တခြားသူတွေမမြင်ရတော့ဘဲနေမယ်။အနောက်ဆုံးတန်းကကြယ်ရောင်တို့နဲ့သွားထိုင်လိုက်။အဲ့အတန်းမှာနှစ်ယောက်ပဲရှိသေးတာ။မိန်းကလေးတွေနဲ့အတူထိုင်ရတယ်ဆိုပြီးရှက်စရာမလိုဘူးနော်..ဟုတ်ပြီလား။အားလုံးကမောင်နှမတွေလို့ပဲသဘောထားကြ။"

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now