အပိုင်း ၄၇

3.1K 279 45
                                    

[Unicode]

"ဗျာ…ဘာတွေပြောနေတာလဲ။ ကျောင်းသူရဲ့ ကိုယ်ဝန်က ကျွန်တော်နဲ့ ရတာတဲ့လား"

"ကျွန်မအသေအချာမေးကြည့်ပြီးသား လိမ်နေလည်း မထူးဘူး။ ကျွန်မတို့ ဥပဒေနဲ့ဖြေရှင်းရမလား တာဝန်ယူမလားပဲပြော"

ခက်ပါပြီကော။ ပြဿနာပေါင်းစုံကြောင့် ကြယ်ရောင်နဲ့ မဒိတ်ရလို့ ခံပြင်းနေတဲ့အချိန်မှာ ခွိခနဲ ရယ်မိတော့သည်။ အကုန်လုံးက သူ့ကို ရူးနေလားဟု ထမပြောရုံတမယ်ပင်။ ဖေဖေကတော့ လုပ်ချလိုက်ပြန်ပြီ။ နေဝန်း ဖေဖေ့ဆီကြည့်မိတော့ ဖေဖေက မျက်နှာတင်းနေ၏။

"ဖေဖေ…"

"နောက်ဆုံးစာမေးပွဲလို့ သတ်မှတ်လိုက်ပေါ့။ မင်းတို့ ရင်ဆိုင်ကြုံတွေ့ရမယ့် အစလေးပဲ ရှိပါသေးတယ်။ မင်းဘယ်လို ဖြေရှင်းမလဲ ငါစောင့်ကြည့်နေမယ်"

ဖေဖေ့ကိုကတော့ စကားတစ်ခွန်းမျှတောင် ပြောချင်စိတ်မရှိတော့ပါ။ သူက အကြိမ်ကြိမ် ထိုးနှက်ချက် ဘယ်လောက်များများ ဂရုမစိုက်‌ပေမယ့် အဓိက သူစိုးရိမ်တာက သူ့ကို စိုက်ကြည့်နေသည့် ချစ်သူ။

"ထင်း…ငါ"

"ငါမင်းကို ယုံတယ် အခ။ မင်းကိုယ်ကျင့်တရားကို အကြွင်းမဲ့ ယုံတယ်"

"အဲ့စကားက ကျွန်မသမီးကို စော်ကားလိုက်တာလား ဟင်! "

"နေပါဦးဗျ။ မေမြတ်နွယ်နဲ့ ကျွန်တော် ဆွေးနွေးကြည့်ပါဦးမယ်။ ခဏပါပဲ ကျွန်တော်နဲ့ အိမ်ရှေ့ခဏ စကားပြောဖို့ လိုက်ခဲ့ပါဦး"

ထိုကျောင်းသူလေးက ငိုရှိုက်နေရင်း နေဝန်းနောက်တော့ လိုက်လာသည်။သူ့မိခင်ကတော့ သားသမီးဇောဖြင့် မချိုသာနိုင်တော့ပေ။ အော်ကြီးဟစ်ကျယ်တွေ ဖြစ်လာသည်။

"ကျွန်မသမီးကိုခြိမ်းခြောက်ရင်တော့ ဥပဒေအတိုင်း သွားမှာနော်" ဟု လှမ်းအော်သည်။ ဆူဆူညံညံ အသံများကြောင့် တစ်ဖက်အိမ်က မီမီ့မိဘများကပါ အပြေးရောက်လာ၏။ ကြယ်ရောင့်ကို စိတ်ပူတာ ဖြစ်မည်။

နေဝန်းက ကွပ်ပျစ်ပေါ်ပဲ အေးအေးလူလူ ထိုင်လိုက်သည်။ သူ့ကို စွပ်စွဲပါသည့် ထိုအမျိုးသမီးလေးကပါ မဝံ့မရဲ ဝင်ထိုင်သည်။

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now