အပိုင်း ၃၁

2.7K 321 46
                                    

[Unicode]

"ဘာ မပြေတာလဲ။ ဘီးပေါက်နေတာလား။ ဒါမှမဟုတ်…"

"အရမ်းလွမ်းလို့"

"သေလိုက်တော့ သောက်ရူး"

ကြယ်ရောင်က ခပ်ဆတ်ဆတ်ဆဲကာ ဖုန်းချသွားသည်။ တစ်မိနစ်ပင်မကြာ ဖုန်းပြန်ဝင်လာသည်။

"အင်း ပြော"

"ခုနက စကားကို ပြန်ရုတ်သိမ်းတယ်။ မသေနဲ့ ‌သေလို့မဖြစ်ဘူး"

"ဘာလို့လဲ"

"မသိဘူး လျှာမရှည်နဲ့"

"ကိုကြယ်ရောင်ထင်းရေ…"

"ဘာလဲ"

"ကျွန်တော် ခင်ဗျားဆီလာပြီး သေလောက်အောင် နမ်းပစ်ချင်နေပြီ"

"……"

"ကိုကြယ်ရောင်ထင်း?"

"ငါ…ငါ တကယ်တော့ မင်းကိုလည်း…အဟမ်း… ဒါပေမယ့် နေဝန်းရံခအပေါ်ပဲ သစ္စာရှိချင်တယ်။သူအသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သူ့ဘက်က ငါနဲ့ပြတ်စဲပြီလို့ သူကိုယ်တိုင် မပြောမချင်း ငါ တခြားလူအပေါ် လုံးဝ စိတ်မယိုင်တော့ဘူး…"

ကြယ်ရောင်ဆက်ပြောနေသလား မပြောတော့ဘူးလား ဂရုမစိုက်ဘဲ ဖုန်းပိတ်ပစ်လိုက်သည်။ ဆက်နားထောင်နေရင် တကယ်ရူးသွားစေမှာမို့။

ထို့နောက် နယ်လီလင်းဆီ ဖုန်းခေါ်လိုက်သည်။

"ဟဲလို … နယ်လီ ကျွန်တော် ရန်ကုန်ရောက်နေတယ် ခဏ လာတွေ့လို့ရမလား"

ကားကို ဘွားဘွားအိမ်ဘက် မသွားဘဲ နယ်လီ့ ကုမ္ပဏီဘက် ဦးတည်လိုက်သည်။ နယ်လီက ထုံးစံအတိုင်း ပါတိတ်ဝမ်းဆက်ဖြင့် လှသွေးကြွယ်နေဆဲ။ သူတို့ နှစ်‌ဦးသဘောတူ ကော်ဖီဆိုင်ထဲ ဝင်ထိုင်လိုက်သည်။

"ရန်ကုန်ကို ဘာကိစ္စရှိလို့လဲ သူရိန်။ ဘွားဘွားလည်း နေကောင်းပါတယ်။ မနေ့ကမှ ဘွားဘွားနဲ့ တွေ့ခဲ့သေးတာ"

"အလုပ်ကိစ္စဖိုရမ် တစ်ခု ရှိလို့ ကိုယ်စားပြု လာလိုက်တာ။ နယ်လီ့ကို အများကြီး မေးစရာ ရှိနေတယ် "

"မေးလေ အချိန်ရသေးတယ်"

နယ်လီက နာရီကြည့်ကာ ဖုန်းကို စားပွဲပေါ် တင်သည်။

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now