အပိုင်း ၂၅

2.9K 303 15
                                    

[Unicode]

"ကျွန်တော့်ကို အိမ်ငှားအဖြစ် လက်ခံမလား"

"ဘာရယ်…!! ။ ဘာကိစ္စ အိမ်ငှားရမှာလဲ"

"ကျွန်တော်က ဝန်ထမ်းလေ"

"အဲ့တော့ ဘာဖြစ်လဲ"

"သေချာပေါက် ဝန်ထမ်းအိမ်ရာ ရှိတယ် ဆိုပေမယ့်။ ယောက်ျားလေးဆိုတော့ လွတ်လွတ်လပ်လပ် နေရတာကို ပိုသဘောကျတာမို့။ ကြယ်ရောင်လည်း တစ်ယောက်တည်းနေတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အဖော်ရတယ်မလား"

"ဆိုပါတော့ မင်းက gay တစ်ယောက်ရဲ့အိမ်မှာ ငှားနေမယ်ပေါ့။ အဲ့ gay က မင်းကိုလည်း အချစ်ဦးနဲ့ထင်ယောင်ထင်မှား ဖြစ်နေတဲ့သူလေ"

သူရိန်က ကြယ်ရောင့်ကို စိုက်ကြည့်ပြီး နှုတ်ခမ်းတစ်ဖက်ကသာ ကော့ညွတ်သွားသည်။ ၈တန်းဆောင် လှေခါးထစ်ပေါ်က နေဝန်းနဲ့နီးနီးကပ်ကပ် ရှိခဲ့တဲ့ အတိတ်က အတွေးထဲ ချက်ချင်းဝင်ရောက်လာသည်။ မဟုတ်ပါဘူး မဟုတ်လောက်ပါဘူး။

သူမဟုတ်မှန်းသိနေသည့်တိုင် သူလို့တွေးပြီး ရင်ခုန်မိတာကြောင့် အခ ကို အားနာရမည်လား သူထားသွားတာကြောင့် တခြားသူကိုပင် ထင်ယောင်ထင်မှားဖြစ်နေသည့်အတွက် သူ့ကို စိတ်နာရမည်လား ဝေခွဲမရတော့ပေ။ သူသာ အခဖြစ်နေခဲ့ရင် ကြယ်ရောင့်ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပေလိမ့်မည် ပြီးနောက် သူကိုယ်တိုင်ကပဲ နားရွက်ဖျား နှာဖျားလေးတွေ နီရဲသည်အထိ ရှက်ရွံ့နေပေလိမ့်မည်။ သို့တည်းမဟုတ် သူထားရစ်ခဲ့တာကို အလွန်အမင်းအားနာပြီး မျက်နှာလွှဲကာ ပြေးထွက်သွားပေလိမ့်မည်။ ကြယ်ရောင်မမြင်နိုင်သည့်နေရာ ရောက်မှ တစ်နေရာရာကိုငေးပြီး အံကြိတ်ကာ လက်ညှိုးဖြင့် လက်မကို ကုပ်ခြစ်နေပေလိမ့်မည်။ ယခုလိုတော့ ရှေ့တည့်တည့်ထိုင်ပြီး နောက်ပြောင် ကျီစယ်နိုင်လိမ့်မည်မဟုတ်။

"ဘယ်လောက်ပေးမှာလဲ"

"ဗျာ"

"အိမ်ငှားခ ဘယ်လောက်ပေးမှာလဲ"

"ဪ ကြယ်ရောင်တောင်းသလောက်ပေးမှာ စပေါ်ငွေရော အိမ်ငှားခရော လုံးဝဈေးမဆစ်ဘဲ ငှားမှာပါ။ ကာလပေါက်ဈေးအတိုင်း စာချုပ်ချုပ်ပါ့မယ်။ လက်ခံမယ်မဟုတ်လားဗျ"

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now