အပိုင်း ၁၉

2.8K 350 24
                                    

[Unicode]

"ငါက မင်းပြန်မလာတော့ဘူးထင်နေတာ"

ကျောင်းထဲက ယူကလစ်ပင်အောက် နှစ်ယောက်သားထိုင်နေရင်း ပထမဆုံးပြောမိတဲ့စကား။

"ငါကတိပေးခဲ့တယ်လေ။ ပြန်လာပါမယ်လို့"

"နှစ်လအတွင်းတော့မဟုတ်ဘူးလေ"

"ငါ့အဘိုးဆုံးသွားတယ် ထင်း"

"……"

"အဘိုးရဲ့ဈာပနကိုသွားရတယ်လေ။အဘွားကလည်း ငါ့ကို ရန်ကုန်ပြန်ခေါ်ချင်နေတာ။အဲ့ဒါကြောင့်နည်းနည်းကြာနေတာ"

"မင်း ပြန်သွားမှာလား"

"မသွားဘူး ဒီမှာပဲနေမယ်"

စကားဝိုင်းက တဖန်တိတ်ဆိတ်သွားပြီး ယူကလစ်ရွက်ခြောက်တွေက လေတစ်ချက်ဝှေ့တိုင်း တဖျောက်ဖျောက်ကျလာကြသည်။ကြယ်ရောင်က သစ်ရွက်ခြောက် တချို့ကိုကောက်ယူပြီး လက်ထဲဖိချေနေသည်။ပိုမိုနီးစပ်ဖို့ကြိုးစားတိုင်းမှာ တစ်စတစ်စ စိမ်းသက်လာသလိုပင် ဝေးကွာလာရသည်။

"အခ"

"အင်း"

"စနေနေ့ ငါတို့နှစ်ယောက်တည်း အပြင်လျှောက်သွားရအောင် ပြောစရာရှိတယ်"

"အင်း"

......................

စနေနေ့မနက် အိပ်ယာထထချင်း အခန်းရှေ့မှာ နေဝန်းက အပြုံးနဲ့စီးကြိုသည်။ကိုယ့်ထက် ခေါင်းတစ်ခြမ်းသာနေတဲ့သူ့ရင်ခွင်ထဲ ပြေးဝင်ချင်မိသည်။ညကတည်းက မီမီ့ကို အကျိုးအကြောင်းပြောပြထားပြီးသားမို့ မီမီက နောက်ကပြဿနာရှင်းလိမ့်မည်။နာရီကြည့်လိုက်တော့ နံနက် ၁၀နာရီခွဲပြီ။ ညကအတွေးများပြီး ညဉ့်နက်မှအိပ်မိတာကြောင့် နံနက် အိပ်ယာထနောက်ကျသွားခြင်း။

သူက စက်ဘီးဆွဲထုတ်နေတာမို့အမြန်တားလိုက်ရသည်။

"ငါတို့ ရထားစီးရအောင် အခ"

ဘူတာရောက်တော့ သူက ထူးဆန်းနေသလိုကြည့်သည်။ကျောကပ်ခုံတန်းလျားလေးတွေမှာ အထုပ်အပိုးကိုယ်စီနဲ့ထိုင်နေသူ အနည်းငယ်ရှိသည်။ကုန်တင်မယ့် အထုပ်အပိုးတွေရှိသည်။အစုန်၊အဆန် မတူတာမို့ ရထားသံလမ်းရဲ့တစ်ဖက်တစ်ချက်မှာ ပလက်ဖောင်းတွေရှိသည်။ပလက်ဖောင်းနှစ်ခုကို ဆက်သွယ်ထားတဲ့ ကုန်းကျော်တံတားကိုလည်း သူကစိတ်ဝင်တစားငေးနေသည်။ 

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now