အပိုင်း ၁၂

3.2K 375 23
                                    

[Unicode]

"ထင်း...ဘာစားချင်လဲ။ဘာဝယ်လာရမလဲ။"

"တော်ပြီ..။ထိုင်သာထိုင်နေစမ်းပါ ။မင်းဒဏ်ရာက ပြန်နာဦးမယ်"

နေဝန်းရံခ က သူဓားနဲ့ထိုးမိပြီးနောက်ပိုင်း ကြယ်ရောင့်အပေါ် ပိုပိုသာသာ ဂရုစိုက်လာလေသည်။ဓားထိုးခံရတာ ဘယ်သူလဲဆိုတာတောင် မသိတော့တဲ့အထိ။

မုန့်ဈေးတန်းဘက် ခြေဦးမလှည့်တဲ့သူက ကြယ်ရောင်စားချင်တာကို တကူးတကသွားဝယ်ပေးသည်။ တခါတလေ ကြယ်ရောင့်ကိုများစိတ်ဝင်စားနေသလားလို့ အတွေးမှားတွေဝင်တဲ့အထိ။

"အခ..."

"အင်း ပြောလေ"

'အခ' ဆိုတာက အလွန့်အလွန် ရင်းနှီးပြီးနောက်ပိုင်း နေဝန်းကို ကြယ်ရောင်သတ်မှတ်ပေးထားတဲ့နာမ်စားတစ်ခု။နေဝန်းကလည်း တခြားသူတွေအပေါ် စကားပြောယဉ်ကျေးလွန်းပေမယ့် ကြယ်ရောင့်ကိုတော့ တရင်းတနှီး ခေါ်ပြောဆက်ဆံသည်။

"ဒီနေ့ ကျောင်းပြေးကြမလား"

"အာ...."

ကြယ်ရောင်ကြိုတွေးပြီးသား နေဝန်းကအဲ့လို လူဆိုးအလုပ်တွေဆို လုံးဝမလုပ်။ရှေ့တန်းကမီမီ့ကို ခေါ်လိုက်တော့ မီမီကလှည့်လာသည်။

"မီမီ ...ငါနေ့လည်ကျောင်းပြေးမလို့ လိုက်မလား။မြတ်စောညီနောင်သွားကြမယ်"

"အေး...သွားမယ်လေ"

ဒါမှဘော်ဒါအစစ်။မလိုက်ချင်ရင်‌နေခဲ့ဆိုတဲ့ပုံမျိုးနဲ့ နေဝန်းကိုပြိုင်တူကြည့်လိုက်ပြီး မီမီနဲ့လက်ဝါးချင်းရိုက်လိုက်သည်။နေဝန်းရံခ က ဒွိဟဖြစ်နေပုံပေါ်သည်။

"မင်းတို့ဝေးမယ်ထင်တယ်နော်။ဘယ်လိုသွားကြမလို့လဲ။ဝေးလွန်းတယ်"

"စက်ဘီးနဲ့ပဲသွားမှာ "

နေဝန်းကအတန်ကြာစဉ်းစားနေသည်။

"မနက်ဖြန်မှ တစ်နေကုန်ကျောင်းပြေးရအောင်။အဲ့ဒါမှအချိန်ရမှာ။"

"အိုခေ ကတိနော်။ဆရာမနဲ့တိုင်ရင် မင်းကိုသတ်ပစ်မယ်"

နေဝန်းက ခေါင်းညိတ်ပြပြီး သွားစွယ်ဖွေးဖွေးလေးတွေ ပေါ်လာတဲ့အထိရယ်ပြသည်။ဒီချွန်မြမြသွားစွယ်လေးတွေကို ကျရှုံးရတာအဖန်ဖန်အခါခါ။

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now