အပိုင်း ၃၀

3K 381 40
                                    

[Unicode]

သူရိန်က ပုံလျက်သား လဲကျကာ ချက်ချင်းကြီး အိပ်ပျော်သွားသည်။ ဘယ်လိုကောင်စုတ်လဲ…။ ကြယ်ရောင် အင်္ကျီကို ငုံ့မကြည့်ရဲသေး။ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် တုန်ယင်နေပြီ။

"မီမီရေ…။ မီမီ!!"

"အေး ဘာလဲ… ဘာလို့အော်နေတာလဲ"

"နင်လာမှဖြစ်မှာ မြန်မြန်လေး"

"လာပြီ"

မီမီက အလျှင်အမြန်ပဲပြေးလာသည်။

"အမလေး ဘုရားရေ။ သူ သူဘာဖြစ်တာလဲ။ မေ့နေတာလား။ မဟုတ်မှ သေပြီလား"

မီမီက အိမ်အဝင်ဝမှာတင် အာမေဋိတ်ပြုသည်။ ကြမ်းပြင်ပေါ် လဲလျောင်းနေသည့် သူရိန့်ကိုကြည့်ပြီး ထိလည်းမထိရဲ။ ငိုရခက် ရယ်ရခက်ပင်။

"အဲ့တိရစ္ဆာန်ကောင်ကို ထားစမ်းပါ။ဒီမှာ ငါ့အင်္ကျီကို အရင်ကြည့်ဦး"

"ဟယ် ကြယ်ကြယ် နင်ဘလိုဖြစ်ပြီး…"

"အဲ့အမူးသမားပေါ့ ငါ့အပေါ် အန်ချလိုက်တာ အင်္ကျီကို ဖြဲပေးဦး။ ဗီဒိုပေါ်မှာ ကတ်ကြေးရှိတယ်"

"အေး ခဏစောင့်"

မီမီက ကတ်ကြေးအမြန်ရှာပြီး ကြယ်ရောင့်အင်္ကျီကို ညှပ်လိုက်ကာ အမှိုက်ပုံးထဲ ပြေးထည့်ပေးသည်။

"ရေချိုးမှ ရတော့မှာ။ တောက်! ဆောင်းတွင်းကြီးကိုကွာ"

"ကဲပါ ကြယ်ကြယ်ရယ် ငါရေနွေးတည်ပေးပါ့မယ်။ ဒီတစ်ယောက်ကိုရော ဘယ်လိုလုပ်မှာလဲ"

"သူ့ကိုလည်း ရေချိုး…အဟမ်း ရေတော့ မချိုးပေးနိုင်ဘူး။ ရေပတ်တိုက်ပေးလိုက်မယ်"

"သူလည်း ညစ်ပတ်နေတာပဲ နင်ကိုင်ရဲပါ့မလား"

ကိုင်ရဲပါ့မလား တဲ့။ တကယ်ဆိုရင်တော့ ဘယ်ကိုင်ရဲမလဲ။ ဒါပေမယ့် မီမီက အပျိုလေးလေ။ သူစိမ်းယောက်က်ျားကို ရေပတ်တိုက်ပေးဖို့ လုံးဝမသင့်တော်ဘူး။ မကောင်းတဲ့သူ တစ်ယောက်ကြောင့် စိတ်ဒဏ်ရာ ရခဲ့ပြီးပြီပဲ။ မီမီ့ကို နောက်ထပ် ထပ်ပြီး ဘာအစွန်းအထင်းမှ မရှိစေရတော့ဘူး။

"ကိုင်ရဲတာပေါ့ ငါ့OCD က ပျောက်နေပြီထင်တယ်။ ပြင်ဦးလွင်ကအပြန် ကားပေါ်မှာ ကလေးတွေအန်တော့ ငါမရွံတော့ဘူး"

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now