အပိုင်း၂၆

2.8K 310 45
                                    

[Unicode]

"ရည်းစားဟောင်းပါ။ဟုတ်တယ်နော် ကိုကို"

"အင်း"

သူရိန် ပြေးသွားမယ့်ခြေထောက်တွေ ရပ်တန့်သွားသည်။ ကြယ်ရောင်က အေးအေးလူလူပင်။

"ရှင်း မင်း ဒီလူကိုသိလား"

ကြယ်ရောင်က သူရိန့်ဘက်ကို မေးဆတ်ပြသည်။ သူရိန်က မျက်မှောင်ကြုတ်လျက်ပင်။

"မသိဘူး။ ဘာလဲ ကိုကို့ အသစ်လား။ မိတ်ဆက်ပေးလေ"

"နေပါ။ မင်းက သမိုင်းမေဂျာမလား"

"အင်းလေ။ ဘာလို့လဲ"

"ကိုကို့ရှင်းလေးရေ။ အဲ့ပုဂ္ဂိုလ်က မင်းတို့မေဂျာကို အသစ်ရောက်လာတဲ့ ဆရာကွ"

"ဟမ် !!! အာ ဆရာ အဟွင်း။ တကယ်ကြီးလား"

"ကိုကို ပြန်ပြီနော် ရှင်း"

ကြယ်ရောင် မျက်ခုံးပင့်ပြီး အတည်ပေါက် စနောက်နေသည်ကို မာန်ရှင်းက မျက်စောင်းထိုးပြီး အံကြိတ်ပြသည်။ ခုနက ခနဲ့နေတဲ့ပုံနဲ့တခြားစီ။

ယောက်ျားလေးဖြစ်ပေမယ့် ဖြူဖြူသွယ်သွယ်လေး မိန်းမချော ချောတဲ့ မာန်ရှင်းက စိတ်ဓာတ်ကတော့ ယောက်ျားပီသမှု အပြည့်ပင်။ ပြတ်ပြီးတဲ့ရည်းစားဟောင်းကို စနောက်နေနိုင်တဲ့အထိ သဘောထားပြည့်ဝသည်။ လက်တွဲထားချိန်မှာ အပြည့်အဝ ဂရုစိုက်ပေးပြီး လက်တွဲဖြုတ်ချိန်မှာလည်း အပြည့်အဝ နားလည်ပေးသူ။ အဲ့ဒါဘယ်သူ့ရည်းစားဟောင်းမို့လို့လဲ။

"ဟိုလေ ဆရာ ကျွန်တော်က စတတ်နောက်တတ်လို့ပါ။အဲ့လိုပဲ စနောက်နေကျမို့ တောင်းပန်ပါတယ်ဗျ။အတန်းချိန်ရှိသေးလို့ သွားခွင့်ပြုပါဦး"

ရှင်းက ခပ်မြန်မြန် လစ်ဖို့ကြိုးစားသည်။ ကြယ်ရောင် အတည်ပေါက် စ,ပြီးမှ စိတ်မကောင်း။ တစ်စုံတစ်ယောက်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် gay ပါလို့ သိသွားစေတာ ပုံမှန်အားဖြင့် ထိတ်လန့်စရာပင်။ ထိုသူက ရှေးရိုးစွဲနေသည့် အကြီးအကဲဆိုလျှင် ပိုဆိုးပေမည်။ မာန်ရှင်းက နှုတ်ဆက်ပြီး အမြန်လျှောက်သွားပြီ။ သူရိန်က ကြယ်ရောင့်ကို စိုက်ကြည့်နေလျက် ဘယ်မှမသွားသေး။

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now