အပိုင်း ၁၀

3.5K 372 19
                                    

[Unicode]

ဘုန်း...ဘုန်း...

အခန်းတံခါးဝကထုနှက်သံတွေက နားစည်ကနေတဆင့်စီးဆင်းလာပြီး အိပ်ယာနိုးခြင်းသို့ဆိုက်ရောက်သည်။

"ကြယ်ကြယ်ထဦး မီးလောင်နေပြီ"

"ဟာ"

ကမန်းကတန်းထပြီး တံခါးပေါက်ပြေးဖွင့်တဲ့အထိ လူကမျက်လုံးမပွင့်ချင်သေး။အပေါ်ပိုင်းဗလာ၊ ပေါင်လယ်လောက်ရှိတဲ့ကာတွန်းဘောင်းဘီ ကိုမေ့ပြီးတံခါးအဖွင့် အနီရောင်နှင်းဆီပန်းတွေတင်ထားတဲ့ကိတ်မုန့်ဖွေးဖွေးကြီးကမျက်နှာရှေ့ရောက်လာသည်။

"Happy birthday to you"

"ဟာကွာ...ဘယ်မလဲမီး"

"အဲ့မှာလေ ဖယောင်းတိုင်ကိုလောင်နေတာ။ ပြီးတော့ မီမီ့နှလုံးသားလေးကိုလည်းလောင်နေတယ် ဟား ဟား ဟား"

မီမီကပြောချင်ရာပြောပြီး သူ့ဟာသူရှက်ကာထရယ်သည်။

"စောစောစီးစီးကွာ"

"ဆူပုတ်မနေနဲ့သားငယ်လေး။မေကြီးနဲ့ဖေကြီးဆိုင်မသွားခင် သားအတွက်လုပ်ပေးချင်လို့။သားကြိုက်တဲ့ဟင်းတွေချက်ထားတယ်။သူငယ်ချင်းတွေနဲ့တူတူစား ဟုတ်ပြီလား"

"သူငယ်ချင်းတွေ..?"

"Happy birthday ထင်း"

တချိန်လုံးဖေကြီးနောက်မှာရပ်နေတဲ့ကောင်ကခုမှရှေ့ထွက်လာသည်။အကျီဗလာနဲ့ကာတွန်းဘောင်းဘီကိုတွေးမိပြီး မျက်နှာတွေပူထူလာသည်။

တံခါးကိုဝုန်းခနဲနေအောင်ပိတ်ပြီး ခေါင်းကိုနှစ်ချက်ထုပြီးမှ အိပ်ချင်စိတ်ကအလုံးစုံပြေပျောက်တော့သည်။

"သေလိုက်ပါတော့ကွာ။‌"

ဒီလိုပုံဆိုးပန်းဆိုးကြီးကိုမြင်သွားရင်ဘယ်သူကကြိုက်ချင်တော့မှာလဲ။

"သားငယ် မေကြီးသွားပြီနော်"

"ဖေကြီးလည်း သွားပြီ ညနေမှမွေးနေ့လက်ဆောင်ပေးမယ်"

"ကြယ်ကြယ်...ငါလည်းကိတ်မုန့်ကို ထမင်းစားပွဲပေါ်သွားထားဦးမယ်။အကျီလဲပြီး ဆင်းလာခဲ့။"

အသံတွေအကုန်တိတ်သွားပြီး နေဝန်းရံခလည်းအောက်ဆင်းသွားပြီထင်။အသံမကြားတော့ပေ။တံခါးကိုအသာပြန်ဖွင့်ပြီး ချောင်းအကြည့်..

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now