အပိုင်း ၈

3.2K 389 16
                                    

[Unicode]

ကျောင်းပြန်ဖွင့်သည့်ရက်တွင် ခင်ဘုဏ်းသော်ကျောင်းထွက်သွားကြောင်းသိရသည်။

"ယှဉ်နှိုင်းမီ နင့်ကိုခင်ဘုဏ်းသော်ကစာပေးခိုင်းလိုက်တယ်"

"ငါ့ကိုပေး..."

ကြယ်ရောင်ကြောက်လန့်တကြားဆွဲလုတော့မီမီကအနည်းငယ်အံ့ဩနေသည်။အကြောင်းစုံမသိတဲ့သူမို့စာကိုကြယ်ရောင့်လက်ထဲထည့်ပေးတော့အမြန်ယူပြီး သန့်စင်ခန်းဘက်ပြေးခဲ့သည်။

"ယှဉ်နှိုင်းမီ....
  ပထမဆုံးနင့်ကိုတောင်းပန်ချင်ပါတယ်။ငါနင့်အပေါ်အမြင်မှားခဲ့တယ်။ကြယ်ရောင်ထင်းပြောတာသိပ်မှန်တယ်။နစ်နာသူရဲ့အမှားမဟုတ်ပါဘူး၊ကျူးလွန်သူရဲ့အမှားပါ။ငါ့အစ်ကိုခေတ်သုတလျှံရဲ့အမှားကိုထပ်ပြီးတောင်းပန်လိုက်ပါတယ်။
ဘဝအသစ်စတင်ပြီးပျှော်ရွှင်စေချင်ပါတယ်။စာရွက်ဖြူပေါ်ကအမဲစက်ဟာအရမ်းသေးငယ်ပါတယ်။အဖြူရောင်အစိတ်အပိုင်းကိုပဲတွေးပြီးရှေ့ဆက်ကြရအောင်။
ပျော်ရွှင်ပါစေ။...."

ဒါဆိုသူကအယုတ်တမာကောင်ရဲ့ညီမပေါ့။ဒီစာကိုမီမီမြင်ရင် ခင်ဘုဏ်းသော်ကိုရှာပြီး ဦးငယ်ဘယ်ရောက်နေလဲလို့မေးလိမ့်မည်။လက်မခံနိုင်ပါ။မီမီ့ကို ထပ်ပြီးနာကျင်စေမှာသိပ်ကြောက်သည်။
စာရွက်ကိုဖြဲစုတ်ပြီးရေနဲ့လောင်းပစ်လိုက်သည်။အတိတ်တွေရေနဲ့အတူမျောပါသွားပါစေ။

"စာရော?"

"ဖြဲပစ်ပြီ"

"ဘာလို့တုန်းဟယ်။ဖတ်တောင်မကြည့်ရသေးဘူး"

"နင့်ကိုတောင်းပန်ထားတာ။အမှားလုပ်ပြီးမှတောင်းပန်တာ စိတ်တိုလွန်းလို့ဖြဲပစ်လိုက်တယ်"

"နင်ဟာလေ အတော်စိတ်ဆတ်တာပဲ။ခွင့်လွှတ်သင့်ရင်ခွင့်လွှတ်ရမှာပေါ့"

"နင်ကြပ်ကြပ်စိတ်ကောင်းထားနေ။တနေ့ဒုက္ခတွေ့မယ်ချီးထုပ်မရဲ့"

ဘေးကတေမိကနှုတ်ဆိတ်နေသည်။တော်သေးတာပေါ့ဘာမှမပြောလို့။ဆရာမဝင်လာပြီးနှုတ်ဆက်ပြီးတဲ့အချိန်မှတကယ်ပြဿနာကစသည်။

"ကဲ.....ငါ့အိမ်စာတွေလာထပ်။မပြီးတဲ့သူနဲ့ကျန်ခဲ့တဲ့သူတွေမတ်တပ်ရပ်"

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedWhere stories live. Discover now