*3*

1.9K 222 18
                                    

Unicode

"ဟိတ်လူ!!!"

တင်တင်စီးစီး အထက်စီးအသံနဲ့ပြောလာတဲ့ထိုလူ့ကို ဂျန်းကုမော့မကြည့်ခင်စိတ်ထဲမှအရင်ကျိန်ဆဲလိုက်မိတယ်.. ဒါပေမဲ့မော့ကြည့်လိုက်တဲ့အခါမှာမြင်လိုက်ရတဲ့မျက်နှာလေးကြောင့် ဂျန်းကုအသက်ရှူဖို့ပင်မေ့သွားမတတ်ပဲ... သူနောက်ဆုံးတော့ ထိုသူ့ကိုရှာတွေ့ခဲ့ပီလေ....

"ဟိတ်လူ!!"

မျက်တောင်မခတ်တိုင်း ငေးနေတဲ့ဂျန်းကုကြောင့် ဆော့ဂျင်စိတ်ကျဉ်းကြပ်လာသည်.. ကိုယ်ချောတာကိုယ်သိပေမဲ့ထိုကဲ့သို့စိုက်ကြည့်နေတာကတော့ ရှက်စရာကောင်းတယ်မလား...

"ဒီမှာ ခင်များနားလေးနေတာလား!!!"

"ဗျာ!!"

"ဘာ အခုမှဗျာလဲ... ခေါ်နေတာကြာလှပီလေ"

"ဟုတ်ကဲ့ ဒီက...ဘာများပြောစရာရှိလို့ပါလဲ"

"ပုံဆွဲပေး"

"ဟင်??"

လူကိုလာပီးအသားလွတ်ပုံဆွဲခိုင်းတဲ့ ဆော့ဂျင်ကြောင့်ဂျန်းကုရယ်ချင်မိတာအမှန်ပင်.. ထိုလူတွေ့သမျှလူတိုင်းပုံလိုက်ဆွဲခိုင်းနေတာလား ဆိုတဲ့အတွေးလည်း၀င်လာမိသည်..

"တပုံဘလောက်ပေးရမှာလဲ??"

ထိုအခါမှ ဂျန်းကုဇာတ်ရည်လည်သွားခြင်းဖြစ်သည်.. ထိုသူကသူ့ကို ငွေယူပီးလမ်းဘေးမှာပုံတူလိုက်ဆွဲတဲ့လူလို့ထင်နေတာလေ.. ဆော့ဂျင်ထင်လည်း ထင်ချင်စရာပင် ဂျန်းကုကအနက်ရောင်လျှာထိုးအုပ်ထုပ်ကိုငိုက်စိုက်စောင်းထားပီး အနက်ရောင်maskကိုပါတပ်ထားတဲ့အပြင် all blackကြီး၀တ်ပီး လမ်းဘေးမှာပုံတွေထိုင်ဆွဲနေသည်မဟုတ်လား..

"ပြောကွာကြာတယ်... ပိုက်ဆံကပြဿနာမဟုတ်ဖူး ကျုပ်ပုံကိုသာတူအောင်ဆွဲပေး... ဆွဲပေးမှာလား"

'အမှန်တကယ်တော့ ကျွန်တော်ပုံတူဆွဲပေးဖူးတဲ့သူဆိုလို့ တယောက်တည်းပဲရှိတာပါ.. ပုံမှန်ဆိုရင် ကျွန်တော်ကရှုခင်းပုံတွေ ပစ္စည်းပုံတွေပဲဆွဲဖြစ်တယ်.. ပုံတူပန်းချီကတော့တယောက်တည်းအတွက်ပဲဆွဲပေးဖူးတာပါ
ဒီနေရာမှာတခြားသူကသာ ပုံဆွဲပေးဖို့ပြောရင် ငြင်းမိမှာအမှန်ပေမဲ့ အခုတောင်းဆိုတဲ့သူက ထိုတယောက်တည်းသောသူဖြစ်နေတယ်လေ...'

Only you (Complete)Where stories live. Discover now