*26*

1.2K 139 6
                                    

Unicode

"Bossရဲ့ကားအရှေ့ပိုင်းပြင်ခိုင်းထားတာရပါပီ"

နမ်ဂျွန်း ထိုသူ့ကိုလက်ကာပြလိုက်သည်... ထိုနောက်ကလက်ထဲကကားသော့ကိုသာ တသတ်မတ်တည်းစိုက်ကြည့်နေတော့သည်... သူ့ရဲ့မျက်၀န်းထဲမှာ ၀မ်းနည်းမှုနာကျင်မှုတွေပြည့်နေတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ...

"ငါတောင်းပန်ပါတယ် တကယ်ကိုတောင်းပန်ပါတယ်"

သူ့ရဲ့ရင်ထဲကတောင်းပန်စကညးတွေဟာ မည်သူ့ကိုရည်ညွှန်းမှန်းသူကလွဲ၍မည်သူသိနိုင်မည်နည်း...
တဖက်မှာလဲ ရုံးခန်းတံခါး၀မှာရပ်နေတဲ့ဂျီမင်ဟာ အတွေးတွေထဲမေးခွန်းတချို့ရောက်ရှိလာခဲ့တယ်... ပုံမှန်မည်သည့်အရာကိုမဆိုမိမိက်ုလုပ်ခိုင်းသည့်ထိုသူက တခြားတယောက်ကိုကားပြင်ဖို့အပ်ခိုင်းတယ်တဲ့လား... ပီးတော့အသစ်အတိုင်းရှိသေးတဲ့ ကားအသစ်ကိုဘာလို့ချက်ချင်းပြင်ရတာလဲ... ပီးတော့ဟိုဆော့ပျောက်နေတာကို သူကဘာလို့စိတ်ပူပုံမပြရတာလဲ...

'ခင်များဘာတွေများထပ်ပီးဖုံးကွယ်ထားပြန်တာလဲ ကမ်နမ်ဂျွန်း... ကျွန်တော်တဖြည်းဖြည်းသိလာတာကခင်များကတကယ်ကိုကြောက်စရာကောင်းတဲ့သူပဲ... ဒါပေမဲ့ ကြောက်စရာကောင်းတဲ့သူကိုမှအရူးအမူးဖြစ်နေတဲ့ကျွန်တော်ကရော ဘာထူးလို့လဲ...'
.
.
.
.
.
.
.
"အခုတလော ခင်များနဲ့ ပတ်ဂျီမင် အခြေအနေတွေတိုးတက်နေတယ်ဆို.. ပြောပါဦး.. မင်ယွန်းဂီ ဘာတွေသိရပီလဲ.."

ယွန်းဂီ ဂျန်းကုကိုဘာမှပြန်မဖြေပေ.. ဂျန်းကု ယွန်းဂီကိုကြည့်ရင်းတချက်ရီလိုက်မိသည်...

"ဧကန္တ ခင်များသူ့ကိုတကယ်ကြီးချစ်မိသွားတာလား"

"ငါ..."

ဂျန်းကု ယွန်းဂီပုခုံကိုအသာပုတ်လိုက်ရင်း...

"ရပါတယ် ကျွန်တော်နားလည်တယ်.. အချစ်ဆိုတာထိန်းချုပ်လို့ရတဲ့အရာမှမဟုတ်ပဲ ဒါပေမဲ့ခင်များ လက်စားချေမဲ့အစီအစဉ်ကိုမမေ့ဘူးလို့မျှော်လင့်ပါတယ်.."

"ငါမမေ့ပါဘူး ငါကမ်နမ်ဂျွန်းကိုကျိန်းသေပေါက်လက်စားပြန်ချေမှာ.. အဲ့တာတသက်လုံးပြောင်းလဲမှာမဟုတ်ဖူး... ဒါနဲ့မင်း ဂျင်နဲ့အဆက်အသွယ်ရသေးလား"

Only you (Complete)Where stories live. Discover now