Namjoon's pov 3

811 90 13
                                    

Unicode

"အကိုနမ်ဂျွန်း"

ရုံးခန်းထဲကိုပြေး၀င်လာရင်း နောက်ကျောကနေသိုင်းဖက်လာတဲ့ထိုသူလေးကြောင့် နမ်ဂျွန်းပြုံးလိုက်မိသည်...

"ကလေးလည်းမဟုတ်တော့ပဲ ဟယ်ဆူရယ်
ချွဲမနေနဲ့တော့"

ဟယ်ဆူကတော့ခေါင်းကိုအသာရမ်းရင်း...

"ဟင့်အင် ဟယ်ဆူက ကိုကို့ရှေ့ဆိုရင်ဒီလိုမျိုးကလေးလေးဖြစ်သွားရော"

ထိုကလေးငယ်သည် သူ့ကို ကိုကိုဟူ၍လည်းမကြာခဏခေါ်ဆိုတတ်ပါသေးသည်...

"အကိုလေး ပတ်ဂျီမင်ရောက်လာပါပီ"

နမ်ဂျွန်းနဲ့အတူ ဟယ်ဆူ့ရဲ့အကြည့်တွေတံခါး၀စီကို ကျရောက်သွားသည်...
တံခါး၀ကထိုဖြူဖျော့ဖျော့ကောင်လေးဟာ ယခင်အတိုင်းနမ်ဂျွန်းရဲ့ရင်ခုန်သံတွေကိုယစ်မူးစေနိုင်စဲပင်..

"လာလေ ဂျီမင်"

နမ်ဂျွန်ရဲ့ခေါ်သံကြားမှခေါင်းမော့ကြည့်လာတဲ့ ထိုသူလေးဟာတကယ်ကိုချစ်စရာအတိပင်...

"မင်းရဲ့အင်တာဗျူးရလဒ်တွေက ကိုယ့်ကိုတကယ်စိတ်ကျေနပ်စေတယ်
မင်းကိုကိုယ်တို့companyကနေကြိုဆိုပါတယ်..."

ထိုကောင်လေးငယ်ရဲ့လက်တွေဟာမသိမသာတုန်နေပီး သူ့ရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ထမင်းဘူးလေးကိုရှေ့ကိုပို့ပေးလာသည်...

"သူဌေးအတွက် ကျွန်တော်ကျေးဇူးတင်လို့ပြင်ဆင်လာခဲ့တာပါ"

နမ်ဂျွန်း ဟယ်ဆူ့ကိုလှည့်ကြည့်လိုက်မိသည်...
မိမိ၏ဆန္ဒအရ ထိုထမင်းဘူးလေးကိုယူချင်ပါသော်လည်း ဟယ်ဆူ့ရဲ့အတွေးကိုဦးစားပေးရပေမည်...
သူနဲ့ဟယ်ဆူက ဘ၀တလျှောက်လုံးလင်တွဲသွားရမဲ့သူတွေဖြစ်သည့်အတွက် ကြားထဲမှာစိတ်ခုစရာတွေမရှိအောင် သူဂရုစိုက်ရပေမည်...

"ဂျီမင်က ဟင်းရောချက်တတ်တာလား
ကျွန်တော်နဲ့အသက်မကွာဘူးထင်လို့ ဂျီမင်လို့ပဲခေါ်မယ်နော်
ကျွန်တော့နာမည်ကဟယ်ဆူပါ"

ဟယ်ဆူကတော့ပကတိအတိုင်းပြုံးရွှင်နေဆဲပင်...
နမ်ဂျွန်းလည်း ဂျီမင်ပေးတဲ့ထမင်းဘူးလေးကိုယူလိုက်လေသည်...
.
.
.
.
.
.
.
"ဒီprojectကို သားငယ်ကိုပေးလိုက်"

Only you (Complete)Where stories live. Discover now