*10*

1.4K 154 15
                                    

Unicode

ဆော့ဂျင်တယောက် နေရင်းထိုင်ရင်းဟိုတနေ့ကလူအကြောင်းစဉ်းစားမိပြန်သည်.. နာမည်တောင်မသိတဲ့လူတယောက်ကိုဘာလို့ဖုန်းနံပါတ်ပေးလိုက်မိလဲဆိုတာ ဆော့ဂျင်ကိုယ်တိုင်ပင်မသိတော့...သေချာသည်ကတော့ထိုလူဟာ ဆော့ဂျင်အတွေးတွေကိုအပိုင်စိုးရရှိထားသည်ကိုပင်...

"တော်ပီ... ငါသူ့အကြောင်းမတွေးတော့ဘူး... သူဘာသာဖုန်းမဆက်လဲဘာဖြစ်လဲ အဆင်ပြေသွားတာပေါ့... ဒါနဲ့နေပါဦးငါကသူ့ဖုန်းကိုမျှော်နေတာလား... သူ့ကိုပေါက်ကရတွေပြောပီးဖုန်းနံပါတ်ကြီးထိုးပေးလိုက်တာ ငါ့ကိုဘလိုထင်သွားမလဲမသိဘူး... အား!!! ကမ်ဆော့ဂျင်မင်းတော့ရူးနေပီပဲ..."

ဆော့ဂျင်တယောက် ကိုယ့်ခေါင်းကိုယ်သာနာနာရိုက်နေမိသည်... ဆော့ဂျင်အိပ်ယာထဲကနေကုန်းရုန်းထလိုက်ပီး မနက်စာစားဖို့အောက်ထပ်ကိုဆင်းလိုက်တယ်... ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲသူ့ရဲ့နတ်ဆိုး ကမ်နမ်ဂျွန်းကတော့ ထမင်းစားပွဲဝိုင်းမှာရှိမနေခဲ့ပါဘူး...

"အော်.. ငါမေ့နေတာပဲ ဒီနေ့ဟိုတယောက်ရဲ့နှစ်ပတ်လည်နေ့လေ
ကမ်နမ်ဂျွန်းဒီနေ့တော့ဟိုအခန်းထဲမှာပဲတနေကုန်ဦးမယ်ထင်တယ်.."

နှစ်တိုင်း ကမ်နမ်ဂျွန်းထိုနေ့ရောက်လျှင် ဘာမှမစား ဘာမှမသောက် ဘယ်သူနဲ့မှစကားမပြောပဲ ထိုအခန်းထဲမှာနေတတ်တာလုပ်နေကျလုပ်ရပ်တခုပင်... ဒါကိုကမ်ဆော့ဂျင်တို့ကတော့ထူးပီးစိတ်ပူမနေတော့.. အကယ်၍ထိုကောင်လေးနောက်လိုက်သွားချင်တယ်ဆိုရင်လည်းပျော်ပျော်ကြီးကပြီးတော့ကိုထည့်ပေးလိုက်ဦးပေမည်..
.
.
.
.
.
.
.
နမ်ဂျွန်း ထိုအခန်းထဲရဲ့ကြမ်းပြင်မှာပုံလဲကျလျက်ထိုက်နေသည်... လက်ထဲတွင်လည်းကောင်လေးတယောက်၏ပြုံးနေသောဓာတ်ပုံများကနေရာယူထားလေသည်... နမ်ဂျွန်းရဲ့မျက်လုံးအိမ်ကမျက်ရည်များစွာစီးကျလာပီး ထိုဓာတ်ပုံလေးပေါ်သိုကျရောက်သွားသည်..

"ဟယ်ဆူ မင်းကိုယ့်ကိုထားသွားတာ သုံးနှစ်တောင်ရှိပီနော်.. အရင်ကလိုမျိုးကိုယ့်ကိုလာဆူပါပီး ကိုယ့်ရဲ့မျက်ရည်တွေကိုသုတ်ပေးလှည့်ပါဦး ဟယ်ဆူ.."

Only you (Complete)Where stories live. Discover now