*17*

1.3K 136 16
                                    

Unicode

"ဂျင်~ ဂျင်~ ဂျင်~ ဂျင်"

"ဟ လာပီဟ အရူးလိုစွတ်အော်မနေနဲ့!!!"

နေမကောင်းတာကိုအသုံးချရင်း နမ်ဂျွန်းတယောက် ဂျင့်ကိုခိုင်းစားနေခြင်းဖြစ်သည်.. ဂျင်ကလည်းစိတ်ရှည်တဲ့သူဆိုတော့အမြဲကတ်ကတ်လန်အောင်ပင်ရန်ပြန်တွေ့တတ်သည်...

"ရော့.. ဒီမှာ အဲတာကိုမြိုပီးအပေါက်ပိတ်လိုက်တော့"

ဂျင် chess cakeကိုနမ်ဂျွန်းရှေ့ကိုတွန်းပို့ပေးလိုက်သည်.. နမ်ဂျွန်းကလည်း7ရက်လောက်ငတ်နေတဲ့သူလိုမျိုးမြိန်ရည်ရှက်ရည်ကိုစားသည်..

"ကောင်းလိုက်တာ နောက်လဲထပ်လုပ်ကျွေးနော် ဒါနဲ့လေဒီကိတ်က....."

"ခင်များကိုအပေါက်ပိတ်ထားလို့ပြောတယ်မလား ကမ်နမ်ဂျွန်း"

အဆက်မပြတ်စကားပြောနေသည့်နမ်ဂျွန်းကို ဂျင်စိတ်မရှည်စွာအော်ငေါက်လိုက်သည်.. အများသူငှာကြားရင်ဖြင့် CEO ယောက်သောသူရဲ့အအော်အငေါက်ကြောင့်ထိုင်ငိုမတတ်ဖြစ်နေတာကို အော်ရီမိကြလိမ့်ပေမည်..

"ဒါနဲ့ ဒီchess cakeက..."

"ပါးစပ်ပိတ်ထားစမ်းပါ.. ခင်များ Englishလိုပြောရင် ကျွန်တော့မျက်နှာတံထွေးစင်လွန်းလို့ပါ..."

"ဒါပေမဲ့ ကိုယ်က..."

"အခု ပါးစပ်မပိတ်ရင် နောက်တခါ chess cakeတော့မရဘူး... အိမ်သာထဲက-ျီးကိတ်တော့ရမယ်သိလား"

ကမ်နမ်ဂျွန်းလေး အပေါက်လေးကိုပိတ်ကာ ရှေ့ကကိတ်မှန့်ကိုသာပြောင်အောင်စားလိုက်တော့သည်..

'ဒီလူနဲ့တကယ်ပဲ.. အသက်မကြီးသေးပဲသူငယ်ပြန်နေတာလား.. နေမကောင်းဖြစ်ကတည်းကငါ့နားမှာကလေးကျနေတာပဲကပ်နေတာ.. မသိရင် ငါ့မှာကလေးအမေကြီးကျလို့"

ထိုကောင်လေးသိပါရဲ့လား.. အခုသူ့ရှေ့မှာကလေးတယောက်လိုဖြူစင်နေတဲ့သူကတခြားသူတွေအတွက်ဆိုရင်နတ်ဆိုးတကောင်လိုကြောက်စရာကောင်းနေတတ်တယ်ဆိုတာကို....
.
.
.
.
.
.
.
.
"သခင်လေး!!"

ဂျင် နမ်ဂျွန်းဗီဒိုကိုဘာရယ်မဟုတ် လျှောက်ကြည့်နေတုန်းရှိသေးတယ်... အိမ်တော်ထိန်းအဒေါ်ကြီးရဲ့အသံကြောင့်နောက်ကိုလှည့်ကြည့်လိုက်သည်...

Only you (Complete)Where stories live. Discover now