*35*Ending

2.4K 144 28
                                    

Unicode

'တစုံတယောက်အတွက် HE(happy ending)ဖြစ်ဖို့
တစုံးတယောက်က SE(Sad ending)ဖြစ်ပေးရမယ် မဟုတ်လား...
အကယ်၍ အကုန်လုံးအတွက် HEဖြစ်နေမယ်ဆိုရင် လောကကြီးက ဘလောက်တောင်ပျော်စရာကောင်းလိမ့်မလဲ...'
___________________________________
"ကမ်ထယ်ယောင်း ငါ့ကိုလဲပေးချီပါဦး"

သမီးဖြစ်သူကိုလက်ပေါ်ကမချဖြစ်နေတဲ့ ထယ်ယောင်းကို ဟိုဆော့ ဆူလိုက်သည်...ထယ်ယောင်းကတော့ အပြုံးမပျက်ပင်...ဆော့ဂျင် သူတို့ကိုကြည့်ရင်း ဂျန်းကုအတွက်စိတ်မကောင်းဖြစ်မိသည်...အကယ်၍ ဂျန်းကုသာ သူနဲ့မဆုံတွေ့ခဲ့ရင် အခုချိန်ကောင်းမွန်တဲ့လက်တွဲဖော်တယောက်နဲ့အတူ မိသားစုလေးတခုကိုပိုင်ဆိုင်နေလောက်ပီလေ...
ပီးတော့သူက အခုထိ ကမ်နမ်ဂျွန်းနဲ့တရား၀င်မကွာရင်းရသေးဘူး..
တကယ်ဆို သူဂျန်းကုအပေါ်မှာ အကြွေးတင်တာတွေများနေပီ..
ဆော့ဂျင် ထိုနေရာကနေထကာ ၀ရန်တာဘက်ကိုထွက်လာလိုက်သည်...

"အကို"

အနောက်ကနေ တင်းကျပ်စွာပွေ့ဖက်ခံလိုက်ရပီး နူးညံ့တဲ့ပါးပြင်ပေါ်ကိုဖြတ်ပြေးသွားတဲ့နှုတ်ခမ်းပါးကြောင့် ဆော့ဂျင်ရဲ့နှလုံးခုံသံတွေဗြောင်းဆန်ကုန်သည်....

"ဘာဖြစ်လို့လဲ"

ဆော့ဂျင် အသံကိုထိန်းကာ ပြန်ဖြေလိုက်သည်...

"ဘာမှမဖြစ်ပါဘူး"

"အကိုတခုခု ဖြစ်နေပါတယ် "

ဆော့ဂျင် ဂျန်းကုရဲ့ပွေ့ဖက်ထားတဲ့လက်လေးတွေကို ဆုပ်ကိုင်ထားလိုက်သည်...

"ငါအခုတွေးနေတာကလေ..
ဟိုဆော့တို့မိသားစုလေးက အရမ်းချစ်စရာကောင်းတာပဲလို့"

စကားမဆုံးခင်မှာပဲ ဆော့ဂျင်ရဲ့ခန္ဓာကိုယ်လေးဟာဆွဲလှည့်ခံလိုက်ရသည်...

"အကို..."

"အင်း ငါတွေးနေတာ
မင်းကကလေးချစ်တတ်တယ်မလား
မင်းလည်းကလေးလိုချင်မှာပဲ သာမန်မိသားစုလေးလိုချင်မှာပဲ
ဒါပေမဲ့ငါက..."

ဂျန်းကု ဆော့ဂျင်ကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်...

"မင်းကလေးလိုချင်ရင် ငါ...."

Only you (Complete)Where stories live. Discover now