*18*

1.4K 151 16
                                    

Unicode

"ဂျန်းကု ရောက်နေတာကြာပီလား"

အနောက်ကကြားရတဲ့အသံသေးသေးလေးကြောင့် ဂျန်းကုလှည့်ကြည့်လိုက်တော့ ပန်းရောင် hoodieလေးကို၀တ်ထားတဲ့ဆံပင်စုတ်ဖွားလေးနဲ့ဂျင်...

"မကြာသေးပါဘူး"

ဆော့ဂျင်လည်း ဂျန်းကုရဲ့ဘေးမှာ၀င်ထိုင်လိုက်တယ်.. သူတို့အရှေ့မှာရှိနေတဲ့ကန်ရေပြင်ကြီးကတော့ငြိမ်သက်နေတယ်ပေါ့.. ဘေးမှာရှိနေတဲ့ပန်းခင်းကြီးကလဲ မွှေးပျံ့တဲ့ရနံ့တွေကိုယူဆောင်လာတယ်လေ.. သူတို့ထိုင်နေတဲ့ခုံတန်းလေးမှာတော့ လူနှစ်ယောက်ရဲ့တိတ်ဆိတ်မှုတွေကြောင့်နေရခက်နေလောက်ပီ...

"ဂျင်..."

ဂျန်းကုရဲ့ခေါ်သံအဆုံးမှာဆော့ဂျင် ဂျန်းကုကိုမော့ကြည့်လိုက်သည်... လျင်မြန်နေတဲ့နှလုံးခုန်သံတွေကိုထိန်းချုပ်ရင်းပေါ့...

"ကိုယ်မင်းကိုပြောစရာရှိတယ်"

ဂျင်ကတော့ဘာမှပြန်မဖြေပေ.. ဒါပေမဲ့ဂျင်ရဲ့လက်လေးတွေတခုကိုတခုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပီးစိတ်လှုပ်ရှားနေမှုကိုဖော်ပြနေလေသည်..

"ကိုယ်မင်းကိုချစ်နေမိပီ ဂျင်"

ဂျင်ရဲ့မျက်လုံးလေးတွေဟာ ပိုမိုဝိုင်းစက်သွားပီး နှုတ်ခမ်းနှစ်လွှာဟာလည်း အံ့ဩမှုအဖြစ်ပွင့်ဟသွားခဲ့တယ်..

"ဒါ... ဒါပေမဲ့ ငါတို့ကဖြစ်မှုမဖြစ်နိုင်တာ ဂျန်းကုရယ်.. မင်းလည်းသိသားပဲ ငါနဲ့ကမ်နမ်ဂျွန်းနဲ့က.."

'ဟုတ်တယ်.. ဘလိုမှမဖြစ်နိုင်ဘူး ငါမင်းကိုချစ်ပါတယ်ဂျန်းကု.. ဒါပေမဲ့အိမ်ထောင်ရေးဖောက်ပြန်တဲ့သူတယောက်တော့မဖြစ်ချင်ဘူး... မင်းလည်းအဲ့ဒီလိုမဖြစ်ရဘူး.. ငါ့သိက္ခာ မင်းသိက္ခာ အကုန်လုံးကိုစဉ်းစားလိုက်ရင်ဘလိုနည်းနဲ့မှမဖြစ်နိုင်ဘူး..'

"ကိုယ်သိပါတယ်.. မင်းနဲ့ ကမ်နမ်ဂျွန်းကလက်ထပ်ထားတယ်ဆိုတာ.. ဒါပေမဲ့မင်းမှသူ့ကိုမချစ်တာ.."

ဂျင်ပြောစရာစကားတွေရှာမတွေ့တော့ပေ.. ကိုယ်ချစ်တဲ့သူကိုဘလိုစကားလုံးတွေနဲ့များငြင်းပယ်ရပါ့မလဲ..

Only you (Complete)Where stories live. Discover now