*28*

1.2K 144 17
                                    

Unicode

ဆော့ဂျင် လက်ထဲကအမှိုက်ထုပ်အလေးကြီးကိုသယ်ရင်း
-0ဒီဂရီရှိနေသော အအေးဒဏ်ကိုအံတုကာ ဆိုင်အနောက်ဖက်လမ်းကြားထဲကိုထွက်လာခဲ့လိုက်သည်..
ဆိုင်ရဲ့အနောက်ဖက်မနီးမဝေးက ဓာတ်တိုင်မှာလူတယောက်နောက်ကျောပေးကာ မှီရင်းဆေးလိပ်သောက်နေသည်...ထိုသူဟာအ၀တ်အစားကိုထူထူမ၀တ်ထားတဲ့အပြင် အလင်းရောင်မှီန်မှိန်အောက်မှာလွမ်းဆွေးနေပုံပေါ်သည်..
ဆော့ဂျင် ထိုသူ့ရဲ့နောက်က‌ကျောပြင်ကိုကြည့်ယုံနဲ့ထိုသူဘယ်သူလဲဆိုတာကို သိသွားခဲ့သည်.... အဖန်ဖန်အခါခါထိုသူနဲ့တွေ့ရင် မပြိုလဲစေဖို့စိတ်ကူးခဲ့ပေမဲ့လက်တွေ့တွေ့ရတဲ့အခါမှာ သူ့ရဲ့နှလုံးသားဟာမတည်ငြိမ်နိုင်တော့ပေ...ဆော့ဂျင် လက်ထဲကအထုပ်တွေကိုပစ်ချလိုက်ရင်း ထိုသူ့ရဲ့နောက်ကျောပြင်စီကိုတင်းကြပ်စွာဖတ်လိုက်သည်

"ဂျင်.."

"ဂျန်းကု ငါမင်းကိုအရမ်းလွမ်းနေခဲ့တာ..."
.
.
.
.
.
.
ဂျန်းကုတယောက်‌ညတိုင်း ကော်ဖီဆိုင်အနောက်ဖက်မြင်နိုင်တဲ့နေရာလေးကနေအမြဲ ဆော့ဂျင်ကိုငေးကြည့်မိသည်... ဘာပဲဖြစ်ဖြစ်ထိုသူ့ရဲ့အပြုံးတွေကို အဝေးကမြင်နိုင်ခြင်းကလည်း ကံကောင်းခြင်းတခုပေမဟုတ်ပါလား...ထိုသူ့ရဲ့အပြုံးတွေကိုမြင်တွေရဖို့ ဂျန်းကုအအေးဒဏ်ကိုလဲအာရုံမစိုက်နိုင်ပါပေ..
သို့သော် အနောက်ဖက်ကနေထွေးပွေ့ခံလိုက်ရပီး ခံစားလိုက်ရတဲ့နွေးထွေးမှုလေးကြောင့် ဂျန်းကုစိတ်လှုပ်ရှားမိသွားသည်...

"ဂျင်..."

"ဂျန်းကု ငါမင်းကိုအရမ်းလွမ်းနေခဲ့တာ...."

ပြိုင်တူထွက်လာတဲ့အသံနှစ်သံမှာ ဂျန်းကုရဲ့အသံဟာအနည်းငယ်တုန်ရီနေပီး ဆော့ဂျင်ရဲ့အသံဟာငိုကြွေးနေသည့် ရှိုက်သံအချို့ပါ၀င်နေသည်...

"ငိုနေတာလားဂျင်"

"လှည့်မကြည့်ပါနဲ့ ဂျန်းကု ငါငိုနေတာ မင်းကိုမမြင်စေချင်ဘူး... ပီးတော့ ဒီတခေါက်မင်းကိုငါ့ကိုလှည့်ကြည့်ရင် ငါမင်းစီကနေဘလိုမှရုန်းထွက်နိုင်တော့မှာမဟုတ်ဖူး"

ဂျန်းကု ဆော့ဂျင်ရဲ့ထွေးပွေ့ထားတဲ့လက်လေးတွေကို အသာဖြည်ချရင်း ဆော့ဂျင်ဘက်ကိုလှည့်ကာ မျက်ရည်တွေသုတ်ပေးနေမိသည် ...

Only you (Complete)Where stories live. Discover now