*24*

1.3K 165 28
                                    

Unicode

ဆော့ဂျင် ညတုန်းကသွားစရာနေရာမရှိတာနဲ့ အနီးနားမှာရှိတဲ့ချွေးထုတ်ခန်းထဲမှာ၀င်အိပ်လိုက်ရသည်... အကျိုးဆက်ကတော့ တကိုယ်လုံးကိုက်ခဲနေခြင်းပင်... ဒါပေမဲ့ဘယ်တတ်နိုင်မလဲ ဆော့ဂျင်အခုချိန်မှာယုံကြည်လို့ရနိုင်မဲ့သူတယောက်မှမရှိပဲ... အရင်ကလည်း ဒီလိုတွေ့ကရာနေရာအိပ်တတ်တဲ့ဘ၀ကနေ လာတာဆိုတော့ အခုအဲဒီဘ၀ကိုပြန်သွားရတယ်လို့ပဲ ပေါ့ပေါ့လေးတွေးလိုက်တော့သည်...

"ဟူး* ဒီနေ့ကစပီး ငါ့ရဲ့ဘ၀ကိုအသစ်ကပြန်စရတော့မယ်"

ဆော့ဂျင် တယောက်တည်းကြွေးကြော်ရင်း အရင်ကပိုင်ဆိုင်ခဲ့တဲ့ကော်ဖီဆိုင်လေးစီကို ထွက်လာလိုက်သည်... ကော်ဖီဆိုင်လေးကို ဂျန်းကုကပေးတာဖြစ်လို့ ဂျန်းကုကိုဆော့ဂျင်ပြန်ပေးရမယ်လို့လုံး၀မတွေးပေ.. ဘာလို့ဆို ဒါကသူဆော့ဂျင်ကိုလိမ်ညာခဲ့တဲ့အဖိုးအခလို့ ဆော့ဂျင်မှတ်ယူထားခြင်းကြောင့်ပင်....

"အဟက်*ဂျွန်းဂျန်းကု မင်းငါ့ပိုဒီလိုမျိုးလှည့်စားထားတာ... ဒီလောက်တော့ပြန်ပေးဆပ်သင့်တာပေါ့.."
.
.
.
.
.
.
.
.
.
ဆော့ဂျင် ကော်ဖီဆိုင်လေးကိုတယောက်တည်းသန့်ရှင်းရေးလုပ်ရင်း အရင်ကအကြောင်းအရာတွေကိုပြန်တွေးမိသည်... ဒီ‌‌နေရာလေးကသူ့ဘ၀တလျှောက်လုံးကိုပြောင်းလဲစေခဲ့တဲ့အဓိကနေရာလေးတခုပင်....

Flesh back///

အဲ့ဒီနေ့ကဆော့ဂျင်ပုံမှန်အတိုင်းဆိုင်ကိုသန့်ရှင်းရေးလုပ်နေတဲ့အချိန်ပေါ့... ညနေစောင်းအချိန်မို့ဆိုင်ပိုင်ဖို့ပြင်နေတုန်း ဆိုင်ထဲကို၀င်လာတဲ့ အနက်ရောင်၀တ်စုံနဲ့လူတယောက်...

"တောင်းပန်ပါတယ် ခင်မျ... ကျွန်တော်တို့ဆိုင်ပိတ်သွားပါပီ"

ဆော့ဂျင် အဲဒီလူကိုယဉ်ယဉ်ကျေးကျေးလေးပြောလိုက်တယ်...
အဲဒီလူစီမှာသတိထားမိတဲ့တခုတည်းသောအရာကတော့ သူရယ်လိုက်တိုင်းပေါ်လာတဲ့ပါးချိုင့်ကြီးတွေပဲ... အဲဒီတုန်းကသူဆော့ဂျင်ကိုပြုံးရင်းကြည့်နေခဲ့တာ.. ဆော့ဂျင်ထိုအချိန်ကတုံးခဲ့လွန်းတော့ ထိုအပြုံးတွေရဲ့နောက်ကွယ်ကအန္တရာယ်ကို ဆော့ဂျင်သတိမထားမိခဲ့ပေ....
နောက်နေ့တွေမှာလည်း ညနေတိုင်းလိုလိုသူရောက်လာတယ်...
ဆော့ဂျင် အမြဲသူ့အတွက် coffeeတခွက်ချန်ထားပေးရတာတောင် အကျင့်ဖြစ်နေပီလေ....

Only you (Complete)Where stories live. Discover now