*33*

1.2K 140 14
                                    

Unicode

ဂျီမင် ကမ်အိမ်တော်ကိုရောက်လာခဲ့သည်...
ဆော့ဂျင် သတင်းမကြားရတော့ဘူးဆိုတာ ကြားကတည်းက ကမ်အိမ်တော်စီကိုထွက်လာခဲ့ခြင်းပင်...ဂျန်းကုတို့ ယွန်းဂီတို့ သူ့နည်းသူ့ဟန်နဲ့စုံစမ်းသော်လည်းမရ..ဒီအိမ်တော်ထဲကို၀င်ရောက်ရှာဖွေခြင်းကသာတခုတည်းသောနည်း ဖြစ်ပေလိမ့်မည်....

"မင်း ဒီကိုဘာလာလုပ်တာလဲ ဂျီမင်..
မင်းကိုငါ အလုပ်ကိစ္စတွေနဲ့ပတ်သတ်လို့ အကုန်စီစဉ်ခိုင်းထားတယ်လေ"

ဟုတ်ပါသည်..
နမ်ဂျွန်း(RM) ကုမ္ပဏီကိုမလာတာ တပတ်ခန့်ရှိပီ...
လုပ်စရာရှိတဲ့အလုပ်များကို ဂျီမင့်စီတွင်သာအပ်နှံထားခဲ့ခြင်းဖြစ်သည်...

"ရှယ်ယာပိုင်းမှာအပြောင်းအလဲဖြစ်နေလို့ပါ"

နမ်ဂျွန်းကြည့်ရာတာ တုန်လှုပ်ပုံမပေါ်ပင်...

"ထား,ထားလိုက် သူတို့ဘာမှမလုပ်ရဲပါဘူး"

ဂျီမင် အရှေ့ကကော်ဖီခွက်ကိုတမင် မှောက်ချပစ်လိုက်သည်..

"Sorryဂျွန်း "

"ရတယ် မင်းအ၀တ်တွေကိုအမြန်သုတ်လိုက်ဦး"

"ကျွန်တော် washroom ခနလောက်သုံးလို့ရမလား"

နမ်ဂျွန်း ခွင့်ပြုကြောင်းခေါင်းငြိမ့်ပီးသည်နှင့် ဂျီမင် ဧည့်ခန်းထဲကနေအမြန်ထွက်လာလိုက်သည်...ဧည့်သည်တွေအသုံးပြုရတဲ့ washroomကအောက်ထပ်မှာဆိုပေမဲ့ ဂျီမင် အ‌ေပါ်ထပ်ကိုအရင်တက်သွားလိုက်သည်.. အကြောင်းပြချက်ကတော့ အကယ်၍နမ်ဂျွန်းသာဂျင့်ကိုဖမ်းထားတာမှန်တယ်ဆိုရင် သူခန့်မှန်းထားတဲ့နေရာကတနေရာပဲ...
ခေါင်မိုးထပ်ကစတိုခန်း...အဲဒီစတိုခန်းဟာအသုံးမပြုတာကြာပီဖြစ်သလို..အသံလုံပီးတက်ဖို့ခက်ခဲတဲ့နေရာ....
အဲဒီအခ်းကိုရောက်ဖို့ကြိုး‌ေလှကားနဲ့တက်မှရတယ်...
ဒါပေမဲ့အဲဒီအခန်းရှေ့ရောက်သည့်တိုင်အောင်အခန်းသာ့က ဂျီမင့်စီမှာမရှိပေ..

"ဂျီမင်!!"

အနောက်ကကြားလိုက်ရတဲ့ နမ်ဂျွန်းရဲ့အသံကြောင့် ဂျီမင့်ခန္ဓာကိုယ်တုန်တက်သွားသည်...

"ဒါကိုယူလိုက်"

ဂျီမင့်ရှေ့ကိုပေးလာတဲ့သော့ကြောင့် ဂျီမင်ကြောင်အသွားမိသည်...

Only you (Complete)Where stories live. Discover now