*34*

1.2K 117 14
                                    

Unicode

ကားအသွားအလာများတဲ့လမ်းမပေါ်မှာ ကားပေါ်ကပြေးဆင်းလာတဲ့ကောင်လေးနဲ့ သူ့ရဲ့အနောက်ကထပ်ကြပ်မကွာလိုက်နေတဲ့ကောင်လေး...

"ဟိုဆော့ ထွက်မပြေးပါနဲ့တော့"

အနောက်ကောင်းလေးက ဟိုဆော့ရဲ့ခါးကိုလှမ်းဖက်လိုက်တယ်...

"ငါ့ကိုလွှတ် ထယ်ယောင်း"

ရင်ခွင်ထဲကဟိုဆော့ဟာလည်း ရုန်းကန်နေသော်ငြားလည်း မျက်နှာပေါ်မှာမျက်ရည်စတွေနေရာယူထားလေသည်...

"မလွှတ်ပေးဘူး ကျွန်တော်ဟိုဆော့ကိုထပ်မလွှတ်ပေးနိုင်တော့ဘူး"

ရုန်းကန်နေတဲ့ဟိုဆော့ ခန္ဓာကိုယ်လေးငြိမ်ကြသွားသလို ထယ်ယောင်းရဲ့ဖက်တွယ်ထားတဲ့လက်တွေဟာလည်းပြေလျော့သွားသည်...

"ဟိုဆော့ ကျွန်တော် ဟိုဆော့ရဲ့ကိုယ်၀န်ကိစ္စကိုသိပီးသွားပီ"

ဟိုဆော့ မျက်နှာမှာ အံ့ဩခြင်းအပြင် ၀မ်းသာခြင်း ၀မ်းနည်းခြင်းတို့ပါရောစပ်နေသည်... ဟိုဆော့ထိုကလေး နှစ်ယာက်ကိုမကာကွယ်နိုင်ခဲ့ပေ.. သူထယ်ယောင်းကို ဘလိုမျက်နှာပြရမလဲမသိတော့...

"ငါမင်းကို ကလေးစီခေါ်သွားပေးမယ်"

ယောင်းရဲ့မျက်နှာမှာပျော်ရွှင်းခြင်းတွေရောက်နေပေမဲ့ ဟိုဆော့ရဲ့မျက်နှာကတော့ခံစားချက်ကင်းမဲ့နေလေသည်...
.
.
.
.
.
.
.
"ငါတို့အခုဘလိုဆက်လုက်ကြမလဲ
သက်သေတွေက နမ်ဂျွန်း.. အာ.. မဟုတ်ဘူး RMလက်ထဲကိုပြန်ရောက်သွားပီ"

ဧည့်ခန်းထဲမှာထိုင်နေတဲ့လူလေး‌ေယာက်လုံး ငြိမ်သက်သွားကြသည်...

"ငါ့အထင် ကမ်နမ်ဂျွန်း... သူ Kim RMကိုဆန့်ကျင်‌နိုင်နေပီထင်တယ် ငါတို့သူနဲ့ဆွေးနွေးကြည့်ရင်ရော"

ဂျီမင့်ရဲ့စကားအဆုံးမှာ ဆော့ဂျင်ဟာလည်း ထောက်ခံသလို၀င်ပြောလာလေသည်...

"အဲ့တာဟုတ်တယ်.. သူ Kim RMကိုဆန့်ကျင်နိုင်နေပီထင်တယ်"

ဂျန်းကုကတော့ ခေါင်းကိုအသာရမ်းရင်း...

"သူဆန့်ကျင်နိုင်ရင်တောင် Kim RMကရှိနေတုန်းပဲ...
Kim RMနဲ့ ကမ်နမ်ဂျွန်းကိုခွဲခြားဖို့ခက်သလို
သူတို့နှစ်ယောက်လုံးကအခုထိ တယောက်တည်းဖြစ်နေတုန်းပဲ.."

Only you (Complete)Where stories live. Discover now