*20*

1.3K 151 16
                                    

Unicode

*တီ... တီ.... တီ*

မနက်နှိုးစက်သံကြောင့် ဂျီမင်အိပ်ရာကအမြန်ထလိုက်ပီး အလုပ်သွားဖို့ပြင်ဆင်လိုက်တယ်... တိုက်ခန်းရဲ့အောက်ထပ်ကိုဆင်းလာတော့ထုံးစံအတိုင်းစောင့်နေတဲ့ထိုသူ...

"CEO Minဘာလို့ကျွန်တော့ကိုလိုက်နှောက်ယှက်နေရတာလဲ"

ထိုသူကတော့ဂျီမင့်စကားကိုဂရုမထားသည့်အလား..

"အလုပ်သွားမှမလား လိုက်ပို့မယ် ကားပေါ်တက်"

"မလိုပါဘူး ကျွန်တော်busနဲ့ပဲသွားမှာ"

ထိုသူကတချက်ရီလိုက်ရင်း...

"မင်းသိပ်ချစ်လှပါတယ်ဆိုတဲ့ဟိုလူက မင်းကိုကားတစ်စီးတောင်ပေးမထားဘူးလား ဂျီမင်.. မင်းသေချာစဉ်းစားကြည့်... မင်းသူ့အတွက်ပေးဆပ်ခဲ့ရတာတွေကတန်လို့လား"

ဂျီမင်တချက်တွေဝေသွားမိသည်.. နမ်ဂျွန်းကိုသူစတွေ့တုန်းကဆယ်ကျော်သက်အရွယ်.. အမှန်ပြောရရင်အခုကမ်ဆော့ဂျင်တင်မဟုတ် အရင်ကမ်မင်ဆူထပ်ကိုစောပီးသူနဲ့တွေ့ခဲ့တာ.. ပထမဆုံးစတွေ့တဲ့တခေါက်ကလွဲလို့ နမ်ဂျွန်းသူ့အပေါ်ကြင်နာတယ်ဆိုတာမရှိသလောက်ပဲ အဆိုးဆုံးကသူ့ကိုဂရုမစိုက်တာ... သူ့တဘ၀လုံးနမ်ဂျွန်းအတွက်ပေးဆပ်ထားတာတောင်သူ့ကိုအသိအမှတ်မပြုပေးတာ.. ဒါပေမဲ့လည်းသူဘာတတ်နိုင်မှာလဲ သူကနမ်ဂျွန်းကိုချစ်မိနေပီလေ...
.
.
.
.
.
.
.
.
.
.
ဂျီမင် ပြောမရသည့်အဆုံး ယွန်းဂီရဲ့ကားနဲ့အတူလိုက်လာခဲ့လိုက်သည်... တွေမှာတော်တော်အပြောင်းအလဲဖြစ်နေခြင်းကသံသယဖြစ်ရာပင် ဂျီမင်လည်းအချိန်ဆွဲမနေပဲ နမ်ဂျွန်းစီတင်ပြလိုက်သည်...

"မင်းပြောတဲ့ အဓိပ္ပာယ်က တယောက်ယောက်ကငါတို့ရှယ်ယာတွေကိုအလျင်စလို၀ယ်နေတယ်ပေါ့"

"အကယ်၍တယောက်ထဲသာဆိုရင်တော့ အဲဒီတယောက်က ဂျွန်းဂျန်းကုဖြစ်မှာမှန်း ကျွန်တော်သိပါတယ်.. ဒါပေမဲ့အခုတခေါက်ကအမည်မသိရတဲ့သူတစ်ဦးကပါလိုက်၀ယ်နေတယ် ကျွန်တော်စိုးရိမ်တာက ဟိုတခါထောင်ကလွတ်သွားတဲ့တယောက်ဖြစ်နေ...."

"ရပီ မင်းအဲဒီတယောက်အကြောင်းဆက်စုံစမ်းလိုက်ပါ "

"ဒါဆို ဂျွန်းဂျန်းကုကိစ္စကရော"

Only you (Complete)Where stories live. Discover now