*21*

1.3K 154 24
                                    

Unicode

"ငါတို့ ကွာရှင်းကြရအောင်"

ဆော့ဂျင် ထိုလူလက်မခံမှန်းသိသိနဲ့အရဲစွန့်ပီးပြောမိသည်.. မိမိချစ်ရတဲ့ချစ်သူကမိမိကိုဘလောက်ချစ်ကြောင်းသိရပီး
ချိန်မှာတော့ ဆော့ဂျင် သူ့တယောက်တည်းအတွက်ပဲရှင်သန်ချင်တော့သည်..

"ငါလက်ခံလိမ့်မယ်လို့ မင်းတွေးထားတာလားဆော့ဂျင်"

နမ်ဂျွန်းရဲ့အမေးစကားကိုဆော့ဂျင်ခေါင်းရမ်းပြလိုက်သည်.. ဆော့ဂျင်တကယ်ပဲထိုသူလက်ခံမယ်လို့မျှော်လင့်မထားပါ သို့သော်....

"ကောင်းပီလေ မင်းသဘောအတိုင်းပေါ့"

ဆော့ဂျင် အံ့အားသင့်စွာနဲ့နမ်ဂျွန်းကိုကြည့်လိုက်သည်.. နမ်ဂျွန်းရဲ့မျက်နှာကတော့ ပကတိအတိုင်းတည်ငြိမ်နေလေသည်....

"ဒါပေမဲ့တခုတော့ရှိတယ် ဂျင် မင်းငါ့ရှေ့မှာဒူးထောက်ရမယ်"

ဆော့ဂျင်ရဲ့ခေါင်းတခုလုံးထူပူသွားသည်... ဆော့ဂျင်ဘယ်သူ့အတွက်ကြောင့်နဲ့မှ ဘယ်သူ့ကိုမှဒူးမထောက်ခဲ့ဘူးပါ.. အထူးသဖြင့် အရှုံးမပေးချင်သည့်ထိုမုန်းရသောလူသားရှေ့မှာဆိုလျှင် ပို၍ပင်မလုပ်နိုင်.. ဒီလုပ်ရပ်က ဒူးထောက်ရုံလေးဆိုတာထက်ကိုပိုသည်..
သူနမ်ဂျွန်းကိုဒီနှစ်တွေအတွင်းမှ ဆန့်ကျင်ခဲ့သမျှ ဖီဆန်ခဲ့သမျှအားလုံးဟာ ဒီကိစ္စလေးနဲ့ပင် သဲထဲရေသွန်ဖြစ်သွားနိုင်သည်.. အထူးသဖြင့် သူ့မာနက ထိုသို့လုပ်ခွင့်မပြုချေ.. ကမ်နမ်ဂျွန်းကလည်း ထိုအကြောင်းကိုသိ၍ ဆော့ဂျင်အား ဤသို့တောင်းဆိုခြင်း ဖြစ်ပေလိမ့်မည်... ‌ကမ်ဆော့ဂျင်ဆိုသည့်ထိုသူဟာ မာနတရားကိုအမြဲလက်ကိုင်ထားသောသူပင်... ဒါပေမဲ့ထိုအရာသည်အတိတ်တခုတွင်ကျန်ခဲ့လေပီ.. သူဂျန်းကုကိုချစ်မိခဲ့ချိန်ကတည်းက သူ့မာနကိုတင်မက သူ့သိက္ခာကိုပင်စွန့်လွှတ်ခဲ့ပီးဖြစ်သည်.. သူ့ရဲ့အရာအားလုံးထက်ဂျန်းကုကပိုပီးအရေးကြီးပါသည်..

"မင်းမလုပ်နိုင်ဘူးဆိုရင်လဲ....."

"ငါလုပ်မယ်!!"

ဆော့ဂျင် တွေဝေမှုမရှိ နမ်ဂျွန်းရှေ့မှာဒူးထောက်ချလိုက်သည်.. ဆော့ဂျင် သူ့ရဲ့မာနရော သိက္ခာရောကို နမ်ဂျွန်းရှေ့မှာပင်စွန့်လွှတ်လိုက်ပီ.. ဆော့ဂျင်ရဲ့နောက်ဆုံးကျန်ရှိတဲ့လက်ကျန်မာနလေးအဖြစ် မျက်၀န်းထောင့်ကမျက်ရည်တစက်ဟာအဆုံးအစမဲ့စီးကျသွားတော့သည်...

Only you (Complete)Where stories live. Discover now