*9*

1.4K 159 18
                                    

Unicode

"ဟူး.. အခုမှပဲ လွတ်လွတ်လပ်လပ်ရှိတော့တယ်"

ဆော့ဂျင်တယောက် toiletထဲမှာ သက်တောင့်သက်သာ အ၀တ်အစားတချို့လဲပီး ရေစိုစပြုနေတဲ့ ရှေ့ဆံပင်လေးကိုအသာသပ်တင်လိုက်သည်..

'ကမ်ဆော့ဂျင်... ကမ်ဆော့ဂျင်.. မင်းကအမြဲတမ်းချောနေတာပဲ... ချောလွန်းလို့ငါမင်းကိုဘလိုလုပ်ရမလဲ.. ဒါကြောင့်လဲ ဒီလိုတွေချောနေလို့ပဲဟိုလူကြီးကငါ့ကိုကြွေနေတာ‌ဖြစ်မယ်..'

ဆော့ဂျင် မှန်ထဲကကုိယ့်ကိုကိုယ်ကြည့်ရင်း ပြုံးလိုက်သည်.. တကယ်ပဲကမ်ဆော့ဂျင်ဆိုသူက တလောကလုံးမှာရှိသမျှအလှတရားတွေစုစည်းထားသလိုပင်..
အလှဆုံး အချောဆုံးဆိုတဲ့ဂုဏ်ပုဒ်တွေက ကမ်ဆော့ဂျင်ဆိုသူအတွက်သီးသန့်ဖြစ်တည်လာသလားထင်ရမလောက်ပင်... ဆော့ဂျင်လုပ်စရာရှိတာတွေအကုန်လက်စသပ်ပီး အပြင်ကိုထွက်တဲ့အခါမှာလူတယောက်နဲ့တိုက်မိပီး ဆော့ဂျင်လဲကျသွားသည်...

"အ !!!"

ဆော့ဂျင် အလွန်ပင်‌ဒေါသထွက်သွားသည်..

"ဘလိုလူလဲ.. လူတယောက်လုံးကိုမမြင်ဘူးလား.. ကန်းနေတာလား.."

ဟိုဘက်ကလူကတော့တခြားသူတော့မဟုတ် ကမ်ထယ်ယောင်းပင်.. ထယ်ယောင်းကလဲ ဆော့ဂျင်ကိုအနိုင်မခံပြန်ခွန်းတုံ့ပြန်လေသည်..

"မင်းကရော ကန်းနေလို့လား.. ငါတယောက်တည်းမမြင်လို့တိုက်မိတာမှမဟုတ်တာ.. မင်းကိုယ်တိုင်ကဘာတွေစဉ်းစားပီးလမ်းလျှောက်လာလဲမှာမသိတာ.."
"ခင်များ..!!"

ဆော့ဂျင် စိတ်ကိုအမြန်ထိန်းလိုက်ရသည်.. ဆော့ဂျင်ကိုယ့်ဘာသာထရပ်လိုက်ပီး ထယ်ယောင်းကိုပုခုံးကိုအားနဲ့တိုက်ချပစ်လိုက်သည်...

"အ! မင်းဘာလုပ်တာလဲ.."

ဆော့ဂျင်ခနဲ့သလိုပြောလိုက်ပီး..

"ခင်များမြင်ရင်ရှောင်ပေါ့... မရှောင်နိုင်လို့ခံရတာတော့ ကျွန်တော်လည်းမတတ်နိုင်ဘူး.."
"မင်း!!"

အဲ့အချိန် ဆော့ဂျင်နဲ့ထယောင်းရှိတဲ့နေရာကိုနောက်ထပ်လူတယောက်ထပ်ရောက်လာတယ်..

"ထယ်ယောင်း မင်းtoiletသွားတာကြာလိုက်တာကွာ"

ထယ်ယောင်းကတော့ အားကိုးရတဲ့အပြုံးနဲ့ ဂျန်းကုစီကိုအမြန်ပြေးသွားလိုက်တယ်..

Only you (Complete)Where stories live. Discover now