*14*

1.3K 140 10
                                    

Unicode

ဂျန်းကု ဖုန်းကိုကိုင်ရင်း ဆက်ရမလား မဆက်ရမလား တွေဝေနေမိသည်.. ဒါပေမဲ့နောက်ဆုံးတော့ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချပီး ဆော့ဂျင်စီကိုဖုန်းခေါ်လိုက်သည်...

#Hello#

'ဂျန်းကု.. သတိထား သူကဟယ်လိုပဲပြောသေးတာလေ ဘာလို့ရင်တွေဒီလောက်ခုန်နေတာလဲ...'

#Hello ဘယ်သူလဲမသိဘူး#

#ကိုယ်ပါ#

#ကိုယ်ပါဆိုတာဘယ်သူလဲဆိုတာ.. ကျုပ်မှမသိတာ ပြောစရာရှိတာပြော မပြောရင်ချတော့မယ်.. လေကုန်တယ်#

'အဟက် တကယ့်စွာစိလေး'

#ဟိတ်လူ!!#

#ကိုယ်က ဂျန်းကုပါ#

#ဂျန်းကု!!#

ဂျန်းကုအသံမထွက်အောင်အသာလေးရီလိုက်သည်..

#မင်းရဲ့ဟိုနေ့ကပျောက်သွားတဲ့ပိုက်ဆံအိတ်လေ.. အဲ့တာဆိုင်၀န်ထမ်းတယောက်ကသိမ်းပေးထားတယ် နေ့ကအဲ့ဆိုင်ကိုသွားတော့သူကမင်းနဲ့ကိုယ့်ကိုတွဲမှတ်မိနေတာနဲ့ ကိုယ့်စီပေးထားတာ..#

#ဒါဆို ကျွန်တော်ဘယ်အချိန်လာယူလို့ရမလဲ#

#မင်းအဆင်ပြေတဲ့အချိန်ပြောလေ#

#အင်.. ညနေ3နာရီလောက်အဆင်ပြေလား#

#ကိုယ်ကရပါတယ်#

#Ok ဒါဆိုရင် တွေ့မဲ့နေရာ message ပို့လိုက်မယ်#

#Ok#

ဆော့ဂျင် ဖုန်းကိုချပီးသည်အထိပြုံးနေမိတုန်းပင်.. ဆော့ဂျင်မှန်ရှေ့မှာခနမတ်တပ်ရပ်လိုက်ပီး ပြုံးနေတဲ့သူ့မျက်နှာကိုပြန်ကြည့်လိုက်တယ်..

'နှုတ်ခမ်းထောင့်လေးတွေ မင်းတို့ဒီလိုအပေါ်တက်မလာကြာပီပဲ..'
.
.
.
.
.
.
.
ဆော့ဂျင် ဂျန်းကုနဲ့ချိန်းထားတဲ့စီကို သွားဖို့ပြင်နေတုန်း အခန်းထဲရောက်လာတဲ့နမ်ဂျွန်း..

"ကမ်ဆော့ဂျင် .."
"ဘာလဲ??!!"

ဆော့ဂျင် အော်လိုက်သည်.. နမ်ဂျွန်းကတော့ ကုတင်ပေါ်ကို ဘူးတစ်ဘူးပစ်တင်ပေးလိုက်သည်..

Only you (Complete)Where stories live. Discover now