*32*

1.1K 132 20
                                    

Unicode

"ဂျင် မင်းအခုဘာလုပ်နေတာလဲ!!!"

ဆော့ဂျင် ထိုသူ့ရဲ့မျက်၀န်းနီနီတွေနဲ့ ဆုံတွေ့လိုက်ရတဲ့အခိုက်မှာ သူ့လက်ထဲကဖုန်းကြမ်းပြင်ပေါ်သို့ လွတ်ကျသွားတော့သည်...

"အကို... အကို... ဘာဖြစ်လို့လဲ... hello"

တဖက်မှဂျန်းကုဟာလည်း ရုတ်တရတ်ဖြစ်သွာတဲ့
အခြေအနေကြောင့် စိုးရိမ်စိတ်တွေမြင့်တက်လာတော့သည်...

"ဘာဖြစ်လို့လဲ ဂျန်းကု"

ဂျန်းကု လက်ထဲကဖုန်းကတွေတွေကြည့်နေရင်း ပြန်ဖြေလာလေသည်...

"အကိုကို မိသွားပီထင်တယ်"

"ဘာ!!"

"ကျွန်တော် ကမ်နမ်ဂျွန်းအသံကိုကြားလိုက်တယ်"

ယွန်းဂီ အမြန်အိပ်ကပ်ထဲကဖုန်းကိုထုပ်ပီး ဂျီမင့်စီကိုဖုန်းခေါ်လိုက်သည်..
ဂျန်းကုကတော့အခုထိထိုနေရာမှမရွေ့သေးပေ...

#Hello မင်#

#ဆော့ဂျင်စီမှာကိစ္စတခုခုဖြစ်နေပီထင်တယ် ဂျီမင်...
ခုနဂျန်းကုနဲ့ဖုန်းပြောတုန်းကသက်သေတွေ့ပီပြောတယ်#

#တကယ်လား မင်#

#အင်း ဒါပေမဲ့ကမ်နမ်ဂျွန်းရဲ့အသံထွက်လာပီးဆော့ဂျင်ကို
ဆက်သွယ်လို့မရတော့ဘူး #

#ကျွန်တော် တချက်သွားကြည့်ပေးမယ် မင် စိတ်မပူနဲ့နော်#

#ဂျီမင် မင်းလဲဂရုစိုက်ဦးနော်#

ထယ်ယောင်း ဂျန်းကုရဲ့ဘေးကိုလာပီး နောက်ကျောကိုအသာပုတ်ပေးလိုက်သည်..ထိုအခါမှဂျန်းကုဟာ သတိ၀င်သူတယောက်လိုလှုပ်ရှားလာတော့သည်..

"ငါ့ကြောင့်ဖြစ်တာ ငါသာအကို့ကိုအဲ့ဒီအိမ်ကိုမပို့ခဲ့ရင်..."

ထယ်ယောင်း ဂျန်းကုကို ပြန်‌ပီးဖြောင်းဖြပေးရတော့သည်..

"မင်းကြောင့်မဟုတ်ပါဘူး... ပီးတော့သူလည်းဘာမှမဖြစ်လောက်ပါဘူး မစိုးရိမ်ပါနဲ့..."

ဂျန်းကု ဆော့ဂျင်စီကိုဖုန်းတွေထပ်ဆက်သောလည်း ပြန်လည်ဖြေကြားခြင်းမရှိ...

Only you (Complete)Where stories live. Discover now