*27*

1.2K 140 16
                                    

Unicode

ဟိုဆော့ သစ်ပင်‌‌တွေစိုက်ထားတဲ့ကွင်းတခုစီကို ရောက်ရှိနေသည်... ယူရာက သူ့ရဲ့လက်ထဲကိုအရိုးပြာအိုးတခုထည့်ပေးလိုက်တယ်... ဟိုဆော့ဒူးထောက်ထိုင်ချရင်း ရှေ့မှာတူးပီးသားဖြစ်တဲ့မြေကြီးထဲကို အရိုးပြာအိုးမြုပ်လိုက်တယ်... အဲဒီအပေါ်ကိုမှမြေကြီးထပ်ဖုံးပီး အရမ်းလှတဲ့သစ်ပင်လေးတပင်စိုက်ပေးလိုက်တယ်... ဒီအရာတွေအစအဆုံးကိုဟိုဆော့ကိုယ်တိုင်လုပ်ခဲ့တာပင်... ဟိုဆော့ရဲ့တကိုယ်လုံးနုံးချိနေပီး စိတ်အစဉ်ဟာလည်း ငိုရန်အင်အားပင်မကျန်တော့ပါပေ...

'သားလေးတဲ့လား...သားလို့တောင်ခေါ်ခွင့်မရလိုက်ရတဲ့.. ထွေးပွေ့မှုလေးတခုတောင်ပေးခွင့်မရလိုက်ရတဲ့ ထိုကလေးကိုသူဘယ်လိုများတောင်းပန်ရပါမလဲ'

"အကို ပြန်ကျရအောင်... မိုးတွေရွာတော့မယ်ထင်တယ်"

ဟိုဆော့ခေါင်းရမ်းပြလိုက်ရင်း...

"ငါ သားလေးကိုအဖော်ပြုပေးချင်တယ်"

ယူရာလည်း ဟိုဆော့ရဲ့ဆန္ဒကိုလက်ခံလိုက်ရင်း လာရာလမ်းအတိုင်းပြန်လာခဲ့တယ်.. ဟိုဆော့ကတော့ မိုးရေတွေကြားထဲမှာသူ့ရဲ့သားငယ်လေးကို အဖော်ပြုပေးနေမှာပါ...

*ဂျိန်း*

မိုးချိန်းသံတွေကြားမှာဟိုဆော့ သစ်ပင်ငယ်လေးကိုပွတ်သပ်ရင်းပြောလိုက်တယ်...

"မကြောက်ပါနဲ့ သားငယ်... ဒီအဖေကမင်းရဲ့ဘေးနားလေးမှာရှိနေပါတယ်"

မိုးရွာထဲမှာငိုကြွေးနေတဲ့ဟိုဆော့... သစ်ပင်ငယ်ကိုဖတ်တွယ်ထားတဲ့ဟိုဆော့... သူ့ရဲ့စိတ်အစဉ်ဟာ မည်မျှကြေကွဲနေပါကြောင်း ထုတ်ဖော်ပြ၍ပင်မရနိုင်ပါပေ...

'မိုးနတ်မင်းကြီးရယ်... မရွာပါနဲ့တော့လား... ကျွန်တော့သားလေး မိုးရေတွေစိုကုန်ပါ့မယ်... လေပြေညင်းတွေရယ်မတိုတ်ခတ်ပါနဲ့တော့လား... ကျွန်တော့သားလေးချမ်းနေပါ့မယ်... ကျွန်တော့သားလေးကြာရင်နေမကောင်းဖြစ်နေပါ့မယ်..'

နောက်နေ့မနက်မှာတော့ သစ်ပင်စိုက်ကွင်းအလယ်မှာ မိုး‌ရေတွေစိုရွှဲကာ သွေးပျက်စွာလဲနေတဲ့ ထိုလူသားဟိုဆော့ကိုမြင်တွေ့ရမှာပင်... သို့သော်ထိုသူဖက်တွယ်ထားတဲ့သစ်ပင်လေးဟာတော့အခုထိမိုးရေမစိုသေးပေ...
.
.
.
.
.
.
.
"ဟိုဆော့!!!!"

Only you (Complete)Where stories live. Discover now