*31*

1.1K 134 27
                                    

Unicode

"အကို ဖြည်းဖြည်းလေးပွေ့လိုက်.."

ကလေးငိုသံတွေဆူညံနေတဲ့ဆေးရုံခန်းအတွင်းမှာ
အဖြူရောင်၀တ်စုံနဲ့ကောင်လေးဟာ ကလေးငယ်ကိုထွေးပွေ့လိုက်တယ်..

"အံမယ် ကြည့်ပါဦး သူ့အဖေလက်ထဲလည်းရောက်ရော
ရုပ်ကြီးကိုဖြီးနေတာပဲ"

ယူရာ့ရဲ့အပြောကြောင့်ဟိုဆော့ စိတ်ပါလက်ပါရီလိုက်မိသည်..
နောက်ဆုံးတော့သမီးငယ်လေးအထူးခန်းကနေ ထွက်လာနိုင်ခဲ့ပီ ဆော့သမီးငယ်လေးရဲ့ပါးလေးနှစ်ဖက်ကို အသာအယာမွှေးကြူလိုက်သည်..သမီးလေးဗြိက်ဆာ၍ငိုနေပုံပင်..ဟိုဆော့ သမီးငယ်လေးအတွက်စိတ်မကောင်းဖြစ်မိသည်..
မိမိလိုလူစီမှာမွေးဖွားခဲ့၍ မိခင်နို့ရည်ကိုပင်မသောက်ရနိုင်တဲ့ သမီးငယ်လေးကြောင့ဟိုဆော့မျက်ရည်ကျမိသည်..

"အကိုဟိုဆော့ရယ် ဘာလို့ငိုနေပြန်တာလဲ.. ညီမရဲ့အကိုကလေ ပြုံးတဲ့အချိန်ဆိုရင်နေရောင်ခြည်လေးနဲ့အရမ်းတူတာ.. အဲ့တာကြောင့်အကိုအမြဲပဲပြုံးနေပါနော်"

ယူရာ ဟိုဆော့လက်ထဲက‌ ကလေးကိုပြန်ပွေ့ချီလိုက်ပီး နို့ဗူးလေးတိုက်ထားလိုက်သည်... မကြာမီပင် ထိုကလေးငယ်ပုခက်လေးအတွင်းတွင် အိပ်ပျော်သွားတော့သည်...

"အကို ညီမအကို့စီကနေသိချင်တာတခုရှိတယ်"

ဟိုဆော့ ယူရာ့ကိုတည့်တည့်ကြည့်နေလိုက်သည်..

"အကို့ကို ဒီလိုဖြစ်တဲ့လူက... ဧကန္တ ညီမထင်နေတဲ့လူများလား"

ဟိုဆော့ရဲ့လက်တွေအေးခဲသွားသည်... ထိုနေ့ညဂျီမင့်ကိုဖုန်းဆက်နေရင်း ပြင်းထန်စွာ၀င်တိုက်တဲ့ကားတစ်စီး ထိုကားထဲကထွက်လာတဲ့လူတယောက်..
အရာအားလုံးကို ဟိုဆော့တကယ်ပဲပြန်မတွေးချင်..
ကယ်ပေးပါ လို့ပြောနေသော်ငြားလည်း လှည့်၍ပင်မကြည့ခဲ့သောထိုလူ..မိမိ၏အချစ်ဆုံးသူငယ်ချင်း..ကမ်နမ်ဂျွန်း..

"ညီမ ထင်တာမှန်နေတာပဲ..
ညီမ သူ့အကြောင်းတချို့အကို့ကိုပြောစရာရှိတယ်...
ဒါကစည်းမျဉ်းတချို့ကိုဖောက်ဖျက်ရမှာပေမဲ့
အကိုသိသင့်တယ်လို့ညီမထင်တယ်.."

Only you (Complete)Où les histoires vivent. Découvrez maintenant