*7*

1.6K 160 12
                                    

Unicode

ဆော့ဂျင် ထမင်းစားခန်းထဲမှာထိုင်ရင်း coffeeတခွက်ကိုသောက်နေလိုက်တယ်... မကြာပါဘူး ဆော့ဂျင်ရဲ့အမုန်ဆုံးထိုလူသားထမင်းစားခန်းထဲကို၀င်လာခဲ့တယ်... ဆော့ဂျင် စုတ်တချက်သပ်လိုက်ပီးသောက်လိုက်စcoffeeကိုချလိုက်တယ်.. ထိုသူကတော့ဆော့ဂျင်ကိုအောင်နိုင်သူအပြုံးနဲ့စည်းကြိုနေခဲ့တာပေါ့... ဆော့ဂျင်လဲထိုလူ့မျက်နှာကိုမမြင်ချင်တော့တာနဲ့ထမင်းစားခန်းထဲကထွက်ဖို့မြန်မြန်ပြင်လိုက်တယ်...

"ခနနေပါဦး.... ကမ်ဆော့ဂျင်"

ထိုလူ့ရဲ့စကားသံအဆုံး ဆော့ဂျင်ရဲ့ခြေလှမ်းတွေဟာလည်းရပ်တန်သွားခဲ့တယ်...

"မင်းကိုအသိပေးစရာလေးရှိလို့..."
"ပြော..."

ဆော့ဂျင်ခပ်ပြတ်ပြတ်ပဲပြန်ဖြေလိုက်တယ်..

"မနက်ဖြန်မနက်ပိုင်းလောက် မင်းငါနဲ့အတူသတင်းထောက်တွေကိုလိုက်တွေ့ရမယ်..."

'သတင်းထောက်တွေကိုလိုက်တွေ့ရမယ်... ဘာလို့လဲသူကmediaတွေနဲ့သိပ်မတွေ့ဖြစ်ဖူးမလား.. ငါတို့လက်ထပ်ထားတာကိုတောင်သူ့ရဲ့အရင်းနှီးဆုံးလူတချို့လောက်ကိုပဲပြောထားတာလေ... အခုငါနဲ့mediaရှေ့ထွက်ဖို့လုပ်နေတယ်... တကယ်ပဲခင်များမှာဘာအကြံအစည်တွေရှိနေတာလဲ ကမ်နမ်ဂျွန်း...'

"ဘာကိစ္စကြောင့်လဲ?"
"ဒါကတော့မင်းသိစရာမလိုပါဘူး.."
"Okလေ.. ကျွန်တော်မသိတဲ့ကိစ္စတခုကိုကျွန်တော်လိုက်လုပ်စရာမလိုဘူးလို့ထင်ပါတယ် ကမ်နမ်ဂျွန်း.."

ဆော့ဂျင် အပေါ်ထပ်ကိုတက်ဖို့ပြင်လိုက်တယ် ဒါပေမဲ့နမ်ဂျွန်းရဲ့စကားသံကြောင့်ကြောင့်ဆော့ဂျင်ရဲ့ခြေလှမ်းတွေတခနတာရပ်ဆိုင်းသွားတယ်..

"မင်းအကယ်၍ ငါနဲ့အတူအဲဒီပွဲကိုမတက်ဖူးဆိုရင် မင်းအစားတစုံတယောက်ကအပြစ်ခံရလိမ့်မယ်..."
.
.
.
.
.
.
.
ဂျန်းကု companyအလုပ်တွေကိုငြိမ်သက်စွာလုပ်နေခဲ့တယ်.. အခုဂျန်းကုတည်ထောင်ထားတဲ့JJK companyကအခုမှအသစ်စဖွင့်ခါကာစဆိုတော့ သူ့ရဲ့အကြီးမားဆုံးရန်သူနဲ့ယှဉ်ပြိုင်နိုင်ဖို့သူကြိုးစားထားမှဖြစ်မယ်လေ..  ဒါပေမဲ့ဂျန်းကုရဲ့companyကစဖွင့်စဆိုပေမဲ့ အရင်ကတည်းက ဟိုတယ်တွေ supermarketတွေ အိမ်ခြံမြေအကျိုးဆောင်တွေ ကွန်ဒိုတိုက်ခန်းလုပ်ငန်းတွေကို ဂျန်းကုနိုင်ငံခြားကနေကြီးကြပ်ပီး ထယ်ယောင်းကပဲအကုန်ကူညီဦးဆောင်လုပ်ပေးခဲ့တာလေ..
ဂျန်းကု ရုတ်တရက်စားပွဲပေါ်မှာတင်ထားတဲ့ ရွှေရောင်ဖောင်တိန်လေးကိုအကြည့်ရောက်သွားမိပီးပြုံးလိုက်မိတယ်..

Only you (Complete)Where stories live. Discover now