A Forgotten Love-1

109K 3.5K 471
                                    

Unicode

//ငါ့ကို ရိုက်နိုင်တာဆိုလို့ မင်းတစ်ယောက်
ထဲပဲရှိတာ Honey//

တိုက်ခန်း​၏အတွင်းပိုင်း၌ အရာအားလုံးသည်
ကား ဗလာကျင်းဖြစ်နေခဲ့သယောင်။ဗလာကျင်း ဖြစ်နေသည်ဆိုခြင်းက အရာဝတ္ထုပစ္စည်းများအား
ရည်ညွှန်းနေခဲ့ခြင်းတော့ မဟုတ်တန်ရာ။

ဟယ်ရီ​၏စိတ်နှလုံးအစုံထံ ခံစားချက်များက
ဟင်းလင်းပြင်ကဲ့သို့ ဖြစ်နေသည်။ဟယ်ရီက
သူ့အရှေ့၌ရှိသော လူကိုပင် ဒေါသတကြီးစိုက်
ကြည့်ပစ်လိုက်မိ​၏။ထိုလူကမူ ဟယ်ရီ့အား
စူးစိုက်ကာ ပြန်ကြည့်လာမည်ဆိုတာလည်း
ပြောပြနေစရာပင် မလိုတော့ချေ။

"အဲဒီ့မိန်းမက ဘယ်သူလဲ"

"မင်း ဘာကိုပြောချင်တာလဲ,ဟယ်ရီ"

ခွန်းတုံ့ပြန်လာသော အမေးကြောင့်..ဟယ်ရီက
အော်ရယ်လိုက်မိသည်။ပတ်ဝန်းကျင်က
တိတ်ဆိတ်နေလို့ပဲလား၊ဒါမှမဟုတ် တိုက်ခန်း
က လုံနေလို့ပဲလားတော့မသိ။ဟယ်ရီ့ရယ်သံ
များက ဟိန်းခနဲထွက်လာ​၏။

ရယ်သံများကိုကြားရခိုက် မင်းပိုင်စိုးသူ,မှာ
လည်း လန့်သွား​သည်။ဟယ်ရီက အနေအေး
သည်။သူ့အပေါ်ဆို အမြဲပင် အရှုံးပေးတတ်သူ
ဖြစ်သည်။ယခုတော့ မတူ၊မတူတော့။
ဟယ်ရီက သူ့ပုံစံတွေနှင့်မတူစွာ ကွဲထွက်နေသည်။

မင်းပိုင်စိုးသူ,ကလည်း စကားပြောဖို့ရာ ကြိုးစား
ပါသေးသည်။သို့သော်ငြားလည်း အချည်းနှီးသာ။

"ဟယ်ရီ..ငါ.."

"မင်းစောက်ပါးစပ်ကို ပိတ်ထားလိုက်!ငါမေးတာ
ကိုပဲဖြေ"

"ကျစ်! မင်းဘာဖြစ်နေတာလဲ ဟယ်ရီ၊
မင်းပုံစံကို မှန်ထဲသွားကြည့်စမ်း..အလကား
ပြဿနာမရှိ ပြဿနာရှာနေတယ်"

"ပြဿနာမရှိဘူးလို့ မင်းကဆိုလိုချင်တာလား
မင်း ပိုင် စိုး သူ.."

ဟယ်ရီက ပိုင်စိုး​၏အင်္ကျီကော်လံစကိုဆွဲရင်း
နာမည်ကို အံကြိတ်လျက် ပီသစွာပင်ဖိခေါ်လာ
တော့သည်။ဟယ်ရီ့ကို မျက်နှာကြောတင်းတင်း
ဖြစ်စေသော ဒေါသများကြောင့် ပိုင်စိုး,သူ့ကိုယ်
သူလည်း မလုံမလဲတော့ဖြစ်လာရ၏။

A Forgotten Love[Completed]Kde žijí příběhy. Začni objevovat