A Forgotten Love-40

17.3K 961 104
                                    

Unicode

//ရက်စွဲတွေကို နောက်ပြန်လှန်မိတော့
ပြက္ခဒိန်ဟာ နာနာကျင်ကျင်..//

ခုနှစ်တစ်ခု၊ရက်စွဲတချို့၊ပြက္ခဒိန်ကိုနောက်ပြန်လှန် ကြည့်ဖြစ်တော့ ပိုင်က ဆေးရုံကိုရောက်ခဲ့တဲ့အဖြစ်။သည်အဖြစ်ကို အားလုံးကလွဲလို့  မသိခဲ့ရသူက ဟယ်ရီ။

လက်ရန်းမရှိတဲ့ လွတ်လပ်တဲ့ဝရန်တာအုတ်ဘောင် ပေါ် ကိုယ့်ခြေအစုံဟာရပ်တော့ တိုးဝှေ့လာတဲ့လေတွေက အသည်းခိုက်အောင် အေးလွန်းတာပဲ ဟယ်ရီ။ထပ်ဝတ်ထားတဲ့ အပေါ်ထပ်အနွေးထည်
ကတော့ ရုပ်ရှင်ကားတွေထဲကလို လေမှာတလွင့်
လွင့်နဲ့ပေါ့။

အောက်ဘက်အကွာအဝေးကို ခေါင်းအသာလေး
ငုံ့ကြည့်မိတော့ ဒီအပေါ်ကနေ ခုန်ချပစ်ရင်
တစ်ချက်ထဲနဲ့ သေနိုင်တာလည်း သိရဲ့။
မင်းက အမြင့်ကြောက်တယ်။ကိုယ့်အတွက်တော့ ဒီအမြင့်တွေကပဲ စိတ်ကို ထွက်ပေါက်ပေးမှာလေ။

"မင်းထားခဲ့တယ် ဟန်နီ။
ကိုယ်သေပစ်လိုက်တာပဲ ကောင်းမယ်"

စိတ်ဓာတ်ကျတော့ စိတ်မှာအနာတရလေးလည်း ဖြစ်သွားရတဲ့ပုံပဲ။လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းလိုက်ရင်း မျက်လုံးကိုမှိတ်ချပစ်တော့
​လေတွေလည်း တိုးတိုက်နေမြဲပါ။လှေကားပေါ်
ပြေးတတ်လာတဲ့ ဖိနပ်သံတွေ​ကိုလည်း ကြားပါရဲ့။အဆုံးမှာ စိုးစံရဲ့ စိုးရိမ်ကြီးစွာအော်ခေါ်သံဟာ
လည်း ထွက်လာနေတယ်။

"ပိုင်လေး!"

"ပိုင်လေး ပြန်ဆင်းလာခဲ့စမ်း"

ဝရန်တာအုတ်ဘောင်ပေါ်မှာရပ်နေဆဲ ခြေထောက် တို့ကိုလည်း နောက်ပြန်မဆုတ်ဖြစ်တော့။စိုးစံကို ခေါင်းသာလှည့်ကြည့်ဖြစ်တော့ သူဟာ မျက်နှာမဲ့ကျကာ ငိုရင်းတစ်လှည့် ပြုံးရင်းတစ်လှည့်။
ပခုံးစွန်းနှစ်ဖက်မှာမူ ငိုရှိုက်ခြင်းဒဏ်ဖြင့် တုန်ယင် နေ၍ စကားသံတို့လည်းမထွက်ပါ။

"သားငယ်..သားငယ် ပြန်ဆင်းခဲ့။
အဲ့လိုတွေမလုပ်ပါနဲ့ မေမေ့တို့ဆီကို ပြန်လာပါ"

"သားငယ် စိတ်ကိုလျှော့လိုက်။လာ..ဖေဖေတို့ဆီကို ပြန်လာနော်"

A Forgotten Love[Completed]Where stories live. Discover now