A Forgotten Love-23

20.1K 1.1K 149
                                    

Unicode

//နောင်မှရတဲ့ နောင်တတွေက
တုန်လှုပ်ခြင်းနဲ့နာကျင်ရခြင်းတွေကို ဒွန်တွဲထား
တယ်//

Cafeဆိုင်ထဲက ထွက်လာဖြစ်တော့ ပြေသုပခုံး
ကိုလည်း အားထည့်ကာ ပိုင်စိုး ဖက်လာမိသည်။
ဘာမှမသိခဲ့လေခြင်းဆိုတဲ့ ဒေါသတွေက အခြား
လူတွေပေါ်ဖြစ်တည်ခဲ့ခြင်းမျိုးလည်းမဟုတ်ချေ။
ဒီဒေါသတွေက ကိုယ့်ကိုယ်ကို ပြန်ဖြစ်မိလေခြင်းပါပေါ့။ပြေသုအမရာရဲ့စကားတွေကို နားယောင်
ပြီး တထစ်ချယုံကြည်မိခဲ့လို့ အခုတော့ မှားချင်
တိုင်းကိုမှားနေပြီ။ဒါကလည်း ယုံမိတဲ့ သူ့အပြစ်။

တောက်!

"အစ်မ..ကျွန်တော်နဲ့စကားပြောကြရအောင်"

ရုတ်ခြည်းဆိုသလို မမသုလို့ခေါ်ဝေါ်နေကျ
နာမ်စားကနေ အခုတော့ အစ်မတဲ့။
ဒီ Cafeဆိုင်နဲ့ ပိုင်စိုးတို့ရဲ့ အိမ်ရာကနီးတော့
ကားကိုမောင်းသွားမိတာကလည်း အိမ်ရာဆီ
ကိုပဲ။တလမ်းလုံး စူးစူးရဲရဲနဲ့ တောက်တစ်ခတ်
ခတ်ဖြစ်နေတဲ့ မင်းပိုင်စိုးသူက ပြေသုကိုလည်း စိတ်ကြည်နေပုံမရ။စိတ်ထဲပိုင်စိုးထားခဲ့တာ
က ဟယ်ရီ့စကားတွေနဲ့အပြုအမူတွေပဲဖြစ်
တယ်။ပြီးတော့ စိုးစံရဲ့စကား။

"ဟယ်ရီ့ကို အခုချိန်ကနေစပြီး မင်းဆုံးရှုံးသွားပြီ"

တောက်!
နောက်တစ်ခါ မချင့်မရဲ တောက်ခတ်မိပြန်
သည်။ဒါ ဘယ်လိုတောင် ခံစားရမှုမျိုးပါလဲ။
ဟယ်ရီ့ရဲ့အကြည့်တွေက ကိုယ့်ကို တကယ်
စိတ်နာနေခဲ့တဲ့ပုံစံ။မျက်ရိုးအဆက်နားကနေ
သွေးတွေ စီးကျလာတယ်။

ပြေသုက Tissue boxထဲကနေ tissueတစ်ရွက်ကိုထုတ်ပြီး သုတ်ပေးဖို့ဟန်ပြင်တော့ ပိုင်စိုးက ခေါင်းကိုအသာလေး ရှောင်လွှဲသွား​၏။ဟယ်ရီ့ကြောင့် ရခဲ့တဲ့ ဒီဒဏ်ရာ၊ထွက်လာခဲ့တဲ့ ဒီသွေးတွေကို
ပိုင်စိုး နှစ်ခြိုက်မိပုံပါပဲ။ဟယ်ရီပေးတဲ့ အပြစ်ဒဏ် ကို သူခံရဲပါတယ်။

"အဆောက်အဦးထဲကိုဝင် မကြာခင်မိုးရွာလာ
လိမ့်မယ်။ကျွန်တော့် တိုက်ခန်းပေါ်တော့မသွား
တော့ဘူး..ဟယ်ရီ သိရင်စိတ်ဆိုးလိမ့်မယ်။
အောက်ဘက်မှာပဲ ပြောကြတာပေါ့"

A Forgotten Love[Completed]जहाँ कहानियाँ रहती हैं। अभी खोजें