A Forgotten Love-48

11.9K 693 43
                                    

Unicode

//နည်းနည်း၊များများ..မင်းကိုထိခိုက်
စေတာနဲ့တင် ဒီလူမှာရူးတော့မလို//

ပိုင်က လဲကျသွားတဲ့အရှိန်ကြောင့် ခြေထောက်
ခေါက်သွားတော့ ရောင်ကိုင်းလာတဲ့ ခြေထောက်
တစ်ဖက်ကိုကြည့်ရင်း ဟယ်ရီ့မှာ မျက်နှာပျက်
နေတော့​၏။ဆေးခန်းပြပြီး ပြန်လာတော့လည်း
ပိုင်ကလန့်သွားတဲ့အရှိန်နှင့်ပေါင်းကာ ဖျားနေ
သည်ပင်။ပိုင့်အား ကြက်ပေါင်းရည်ခွံ့တိုက်နေ
သော ဟယ်ရီသည် မပြုံးနိုင်၊မရယ်နိုင်ဖြစ်နေရှာ
သည်။

"ဟန်နီ အရမ်းစိတ်ပူသွားလား"

"ဟင့်အင်း ငါရူးသွားမှာ ပိုင်ရ။မင်းဒီလောက်လေး
ပဲဖြစ်တာတောင် ငါ့မှာရူးမလိုပဲ။ငါက ပိုင့်ကို.."

ရှိုက်မိသွားတော့ စကားတွေလည်းတစ်ဝက်
တစ်ပျက်။ဟယ်ရီ့ကို ပွေ့ဖက်မိတော့ ငြိမ်ခံတာ
လည်းဝမ်းပန်းတနည်းရယ်။ပိုင့်ခါးကိုပွေ့ဖက်လာ
ရင်း ပိုင့်ရင်ခွင်ထဲသို့ တိုးဝင်လာသည့် ဟယ်ရီက မျက်ရည်လည်း ကျနေသည်။

သားကတော့ ပိုင့်ဘေးမှာ ပုံ့ပုံ့လေးထိုင်နေရင်း
ဟယ်ရီ့ကျောကိုပင် လက်သေးသေးလေးဖြင့်
လှမ်းပွတ်ပေးနေသည်က စိတ်မကောင်းဟန်
လည်းရှိလှသည်။

"ဟီရယ်ရေး သနားပါရယ် ဖေနယ်။
တောက်တောက် စိတ်တောင်ကောင်းဘူး"

"ကြားလားဟန်နီ..သားကတောင်စိတ်မကောင်း
ဖြစ်နေပြီ။ကိုယ်က နည်းနည်း.."

"လာပြန်ပြီ ဒီနည်းနည်း။မင်းဆီမှာ ပွန်းပဲ့ရာ
လေးဖြစ်ရင်တောင် ငါဘယ်လောက်ထိစိတ်ပူ
တတ်လဲ မင်းမသိဘူးလားပိုင်"

"အခုကြည့်စမ်း..မင်းခြေထောက်ကို
ကြည့်လိုက်စမ်း။ပတ်တီးစည်းထားရတာက
အလှလား။မင်းဖျားနေတာကရော ဟန်ပြလား။
​နည်းနည်း၊များများ မင်းကိုထိခိုက်စေတယ်
ဆိုတဲ့စိတ်နဲ့ ငါ့မှာ ဘယ်လောက်တောင်
ခံစားနေရလဲ မင်းမသိဘူးလား"

ဟယ်ရီ့လေသံက မာမာတင်းတင်းလည်း
ဖြစ်နေတော့ သားခန္ဓာကိုယ်လေးကပင် တုန်တက် သွားသည်။ပိုင်က အဖျားလည်းရှိတော့ သားကို
လည်းမချီမိ။သားက ဘာမှမပြောဘဲ ကုတင်ပေါ်
မှဆင်းသွားရင်း အခန်းပြင်ကိုပင် ပြေးထွက်သွားတာလုံးလုံးကလေးရယ်။ဟယ်ရီက လေသံမာနေ
လို့လည်း ပိုင်,စိတ်မဆိုးမိပါ။ဒါက စိတ်ပူခြင်းနဲ့
စိုးရိမ်ခြင်းရဲ့ ကရုဏာဒေါသမှန်း ပိုင်သိပါသည်။

A Forgotten Love[Completed]Where stories live. Discover now