A Forgotten Love-44

12.5K 752 40
                                    


Unicode

//နေ့သစ်ကိုစတင်တိုင်း ကိုယ့်ရဲ့လက်ကိုလည်း
ခိုင်ခိုင်မြဲမြဲတွဲလို့ထားပါ//

သည်ကနေ့က သောကြာနေ့ဆိုတော့ ဘိုးဘိုးနှင့်
လိုက်သွားကြမည့်နေ့ပင်။အဝတ်စားထုပ်များအားပြင်ပြီးပေမဲ့ ဆန္ဒလေးကတော့ သူ့ကစားစရာများ
ကိုပင် ခြင်းထဲသို့လိုက်ထည့်နေသည်က မပြီးသေးပေ။

ဟယ်ရီက အိပ်ပျော်နေဆဲလည်းဖြစ်တော့
ပိုင့်မှာ ထိုင်ကြည့်နေမိတာလည်း ခပ်ကြာကြာပါ။
အိပ်ပျော်နေရင်းမှ ဟယ်ရီက လှုပ်လှုပ်ရှားရှား
ဖြစ်လာသည့်အလျောက် စောင်ကိုပင်ကျစ်ကျစ်
ပါအောင်ဆုပ်ကိုင်ထားသော ဟယ်ရီ့​၏လက်များ
ကလည်း တုန်ယင်နေခဲ့သည်။

"ပိုင်! မဖြစ်ဘူး ပိုင်..ပိုင်"

​စိုးရိမ်သံတွေနဲ့ လက်တကာကာ ယောင်ယမ်း
လာတော့ ပိုင့်မှာ ပျာပျာသလဲလည်းဖြစ်ရှာသည့်
ပုံ။ဟယ်ရီ့ကိုယ်ကို ရင်ခွင်ထဲသို့ထည့်ဖက်ထား
ပစ်တော့ ဟယ်ရီသည် ယောင်မြဲ၊ယောင်ယမ်းနေဆဲလည်းဖြစ်သည်။

'စိုးစိုးရွံ့ရွံ့လေးနဲ့မင်းက အိပ်မက်တွေမကောင်း
တာ ကိုယ့်အကြောင်းတွေ မက်နေလို့ပဲဖြစ်မယ်'
ပိုင်က သည်လိုသာပင်တွေး​၏။

"ပိုင်..ပိုင်သတိထား.."

"ဟန်နီ..ဟန်နီထပါဦး။
ကိုယ်ဘာမှမဖြစ်ဘူးလေ ဟန်နီ"

"ပိုင်.."

"အင်း..ကိုယ်ဘာမှမဖြစ်ပါဘူး"

"ပိုင် မင်းတကယ်ဘာမှမဖြစ်ဘူးနော်။
မင်းကို အဲ့ကားက တိုက်သွားတာ"

"အဲ့တာ အိပ်မက်ပါ ဟန်နီရဲ့။
ကိုယ်က မင်းအနားမှာပဲ ရှိနေတယ်လေ။
ကိုယ်ဘာမှမဖြစ်ပါဘူး"

ဟယ်ရီ့မျက်ဝန်းတွေဟာ မငြိမ်မသက်။
တုန်တုန်ယင်ယင်လက်တွေနဲ့ ပိုင့်ပါးပြင်ကို
အုပ်ကိုင်လာရင်းမေးရှာတော့ ပိုင့်မှာ ဖက်ထား
ပစ်မိတာ ကပျာကယာရယ်။ပိုင့်ပခုံးကို ခေါင်းမှီ
ချလာသော ဟယ်ရီသည် ငြိမ်ကျရှာနေ​၏။

မွန်းကြပ်မှုလက္ခာများကို ပိုင်,ရှိနေတော့
အလျင်အမြန် သူကမောင်းထုတ်နိုင်ခဲ့သည်။
ဒါဟာ အိပ်မက်ဆိုးတစ်ခုဆိုရင်တောင်မှ ပိုင့်ကို
စွဲလမ်းမိတဲ့စိတ်၊စိုးရိမ်မိတဲ့စိတ်နဲ့နာကျင်မှုတွေ
ပေါင်းဆုံသွားပြီးမှ ဖြစ်တည်လာခဲ့တဲ့ အိပ်မက်
ဆိုးတစ်ပုဒ်။

A Forgotten Love[Completed]Where stories live. Discover now