A Forgotten Love-24

18.9K 1.1K 88
                                    

Unicode

//အမှန်တရားက ခါးသက်ပေမဲ့
ဒါကိုလက်ခံနိုင်ရမယ်//

မနက်ခင်းမှာ မိုးအေးအေးနဲ့ သာယာစရာဆို
ပေမဲ့ မသာယာနိုင်တာကတော့ Jakeနဲ့ခမ်း ပဲ။
ခမ်းက တည်ငြိမ်နေနိုင်သလောက်၊Jakeကတော့
လှုပ်လှုပ်ရှားရယ်ပါ။

သူ့ညီ မျက်နှာမကောင်းတော့ မနေနိုင်တာလည်း အဆန်းတော့ မဟုတ်။ဟယ်ရီတက်တက်ကြွကြွ
နေပြဖို့ တကယ်ကို ခက်ခဲတဲ့ အချိန်ကာလလည်း
ဖြစ်တယ်။

"ဟယ်ရီ မနက်စာတွေ အလကားဖြစ်ကုန်တော့မယ်"

ခမ်း,ပြောတော့ ဟယ်ရီက မပေါ်မထင်ပြုံးပြရှာ
သည်။ဒါ ဟယ်ရီ့စိတ်ကို ခမ်း,နှစ်သိမ့်ပေးဖို့
အစပြုခဲ့တာပဲ ဖြစ်မယ်။Jakeက ဟယ်ရီဝယ်ပေးထားသည့် ဂန္ဓမာပန်းခြောက်ကို ရေနွေးထဲသို့
ထည့်ဖျော်သောက်နေသည်။

"မနေ့ထဲက ဒီပုံစံနဲ့၊အစ်ကို ဘာလုပ်ပေးရမလဲ ဟယ်ရီ"

"ဟယ်ရီ အဆင်မပြေဘူး"

ပြောရင်းနဲ့ မဲ့ကျသွားတဲ့ နှုတ်ခမ်းစွန်းတွေ။
ဝဲတက်လာတဲ့ မျက်ရည်တွေကို ဟယ်ရီ အမြန်
မောင်းထုတ်ရပြန်​၏။

Jakeက ခမ်းကို အကူအညီတောင်းသလို ကြည့်
လာသည်။တကယ်လည်း Jakeအတွက်
လူတစ်ယောက်ကို မနှစ်သိမ့်ပေးတတ်ပါ။
ခမ်းက ဆက်လက်တည်ငြိမ်နေဆဲဖြစ်ပြီး
မပျောက်ကွယ်သွားတဲ့ တည်ငြိမ်ဟန်တွေက အသက်ဝင်ဆဲလည်းဖြစ်သည်။

"ဟယ်ရီကိုယ်တိုင် အဲဒီ့ကောင်လေးကို လက်လွှတ် ခဲ့ပြီးပြီပဲ..ထပ်ပြီး ကိုယ့်ကိုယ်ကို ပိတ်လှောင်ထား
ပစ်ဦး မလို့လား။စိတ်ကမပြတ်နိုင်ရင် သူ့ဆီကိုပြန် သွားလိုက် ဟယ်ရီ"

"မသွားဘူး၊ဟယ်ရီ သူ့ဆီကို ပြန်မသွားဘူး"

"ဒါပဲလေ ဟယ်ရီ..အဖြေကရှင်းနေတာပဲ။
ဘာမှ မစားဘဲ ဒီလိုပုံစံနဲ့ ဟယ်ရီနေစရာမလိုဘူး။ဟယ်ရီ ရုန်းထွက်နိုင်ခဲ့ပြီးပြီ၊ဟယ်ရီက ပျော်ရွှင်ဖို့ ထိုက်တန်တယ်"

"ဟုတ်တယ် ဟယ်ရီက ပျော်ရွှင်ဖို့ထိုက်တန်တယ်"

သံယောင်လိုက်လာတဲ့ ဟယ်ရီ့စကားသံတွေ
မှာ ပြန်လည် အားတက်လာသံတွေလည်း ပါလာ
သည်။ဟယ်ရီက ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ခမ်းကိုပြုံးပြပြီး Jakeကိုလည်း ပြုံးပြလာသည်။Jakeက ထွေးဖက်ပေးလာတော့ ဟယ်ရီ သူ့အစ်ကို ပခုံးပေါ်သို့ မှီခိုမိတော့သည်။

A Forgotten Love[Completed]On viuen les histories. Descobreix ara