A Forgotten Love-25

18.6K 1K 78
                                    

Unicode

//စီးကရက်ကို နာနာကြည်းကြည်းဖိချေမိတော့
ပိုင်..မင်းက ငိုတယ်//

တစ်ပတ်လောက်ကြာတော့ စိတ်ပြေလက်ပျောက် Jakeတို့နှင့် Golfသွားရိုက်ဖြစ်သည့် ဟယ်ရီ။
ခမ်းကတော့ ထုံးစံအတိုင်း ဟယ်ရီဘာလုပ်ချင်လဲ၊လုပ်ချင်တာတွေကို တစ်ခုမကျန် ဖြည့်ဆည်းပေး
တတ်သည့်သူ။စိုးစံနဲ့ အဆက်အသွယ်ရှိကြပေမဲ့
ပိုင်စိုးသတင်းကိုလည်း ဟယ်ရီမမေးမိပါ။
ကျန်းမာသလား၊ဖျားနေတုန်းလားဆိုတာကိုလည်း ဟယ်ရီ နားမစွင့် ဖြစ်တော့။လက်လွှတ်ပြီးပြီပဲ
မေ့ပစ်ရတော့မှာပေါ့။

"ခမ်း,ခင်ဗျားဆီမှာ မီးခြစ်ပါလား၊ကျွန်တော်
ဆေးလိပ်သောက်ချင်လို့"

"ဟယ်ရီ..မင်းဆေးလိပ်တွေ အတော်လေးသောက်လာတယ်နော်။နည်းနည်းလောက်တော့
လျော့သောက်ပါဦး ငါ့ညီရယ်"

"စီးကရက်သောက်နေရင် ပိုင့်ကို မေ့ထားပစ်
နိုင်မယ် ထင်လို့"

ဟယ်ရီပြောရင်း သက်ပြင်းဖွဖွချ​၏။
ခမ်းကတော့ အသံတိတ်နေဆဲဖြစ်ပြီး အိတ်
ကပ်ထဲမှ မီးခြစ်ကိုထုတ်နေသည်။ပေးမလာ
သေးဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေသည့်
ခမ်းကြောင့် ဟယ်ရီဆွဲယူမိတော့သည်။

စီးကရက်တစ်လိပ်ကိုထုတ်၊မီးကိုညှိပြီး တစိုက်
မတ်မတ် ဟယ်ရီရှိုက်ဖွာပစ်မိ​၏။ဟန်ပါပါနဲ့ လက်တစ်ဖက်ကို ဂျာကင်ကြက်သွေးဖျော့ရောင်
​၏အိတ်ကပ်ထဲသို့ထည့်ကာ ခြေလှမ်းခပ်စိပ်စိပ်
ဖြင့် Jakeတို့နဲ့ တစ်ပြေးညီလျှောက်လာသည်။
မျက်လုံးပေါ်သို့ အုပ်ကျမတက်ဖြစ်နေသည့် ဆံသားအဖြောင့်တို့ကို အပေါ်သို့လှန်သပ်တင်
နေသေး​၏။

"ဟယ်ရီ"

ဝမ်းသာအားရ ရွှင်ပြစွာခေါ်လာခဲ့တဲ့ ကြိုဆိုသံ
တွေကို ဟယ်ရီ မလိုလားတော့ပါ။ပိုင် ရောက်
လာတယ်၊ပိုင်က ငါ့ဆီကိုလေ။ဘယ်အချိန်ထဲ
က စောင့်နေမှန်းမသိပေမဲ့ ပိုင့်မျက်နှာကတော့ အတော်လေးချောင်ကျသွားပြီး ပန်းနာရင်ကျပ်
လည်းပျောက်သေးပုံမပေါ်။ဟယ်ရီသောက်နေတဲ့
စီးကရက်ကြောင့်ပဲလားတော့ မသိ၊ပိုင်ကချောင်းတွေ ဆိုးရှာ​၏။တစ်ဝက်တောင် မကျိုးသေးတဲ့
စီးကရက်ကို ပိုင့်ကြောင့်နဲ့ လွှင့်ပစ်ချင်စိတ်လည်း မရှိ။

A Forgotten Love[Completed]Where stories live. Discover now