A Forgotten Love- 19

17K 1.2K 302
                                    

Unicode

//မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေထဲမှာ
'မင်းကိုစိတ်ပူတယ်'..//

ဟယ်ရီ အိမ်ကိုပြန်ရောက်ဖြစ်တော့ အတော်
လေး ညည့်နက်နေခဲ့ပြီ။အိမ်ထဲကိုဝင်ဝင်ချင်း
မှာပဲ မျက်လုံးတွေကိုမှိတ်ထားတဲ့ ပိုင်စိုးက
ဆိုဖာအနောက်ဘက်သို့ မှီထားရာကနေ
ခေါင်းထောင်ကြည့်လာ​၏။
အင်္ကျီကြယ်သီးတို့က ဖရိုဖရဲနဲ့၊ပြီးတော့
မိုးရေတွေလည်း စိုထားပုံရသည်။မျက်လုံး
အရောင်တွေမှာ သူမေးချင်တဲ့ မေးခွန်းတွေရှိ
နေတယ်လို့ ဟယ်ရီအဓိပ္ပာယ် ကောက်ဖြစ်ခဲ့
ပေမဲ့လည်း မျက်နှာလွှဲထားပစ်လိုက်သည်။
ကြာလာလေ တပ်မက်ချင်စိတ်တွေတိုးလာမှာ
ကို စိုးရိမ်မိရတာပဲ။

"ဘာလို့ဒီအတိုင်းထိုင်နေတာလဲ အင်္ကျီသွား
လဲလေ၊ဖျားနေလိမ့်မယ်။ငါလည်း ရေချိုးလိုက်
ဦးမယ်"

"ဘယ်တွေသွားနေတာလဲ။
ဘာလို့ ငါဖုန်းဆက်တာကို မကိုင်တာလဲဟယ်ရီ"

"ဒီတိုင်းပဲ ကိုင်ချင်စိတ်မရှိလို့။Jakeပြန်ရောက်
နေတယ်လေ၊သူ့ကိုသွားတွေ့တာ။စိုးစံလည်း
ပါတယ်"

ဂနာမငြိမ်ဖြစ်သွားတဲ့ ပိုင်စိုးရဲ့မျက်လုံးတွေ၊
မျက်နှာအမူအရာတွေကိုတော့ ဟယ်ရီမြင်ခွင့်
မရခဲ့။ကျောခိုင်းထွက်သွားခဲ့တဲ့ ဟယ်ရီက
တစ်စတစ်စနဲ့ သူ့ကိုပစ်ပယ်လာသလိုပဲ။
ဒါက ပိုင်စိုးစိတ်တွေကို အခြေနဲ့စေခဲ့ရပါ
လိမ့်မယ်။ဟယ်ရီ့အနောက်ကိုလိုက်ရင်း
အခန်းထဲသို့ သူလည်းလိုက်ဝင်ဖြစ်လိုက်သည်။
ဟယ်ရီကတော့ ရေချိုးခန်းထဲကိုရောက်
နှင့်နေခဲ့ပြီ။ဒီနေ့က မိုးအေးတယ်၊ဒါကြောင့်
ဟယ်ရီ့အတွက်ညအိပ်ဝတ်စုံနဲ့အနွေးထည်
ထူထူတစ်ထည်ကို ပိုင်စိုး ထုတ်ထားပေးဖြစ်ပါ
တယ်။

"ညစာစားပြီးသွားပြီလား ဟယ်ရီ"

"ဟင့်အင်း"

"ငါ ဆီချက်ခေါက်ဆွဲပြုတ်ပေးရမလား"

"အင်း ကောင်းသားပဲ"

ခေါင်းတညိတ်ညိတ်နဲ့ထွက်သွားတဲ့ ပိုင်စိုးမှာ
အပြုံးတွေလည်း ကပ်ငြိသွားခဲ့ပုံပါပဲ။ဟယ်ရီ
ကိုယ်တိုင်လည်း ပြုံးဖြစ်ခဲ့တာပဲလေ။ပိုင်စိုး
ပြုတ်ပေးတဲ့ဆီချက်ခေါက်ဆွဲဆိုတာက
သူ့ဘဝမှာ ဒါနဲ့ဆိုနှစ်ကြိမ်မြောက် စားရခြင်း။
ဒီတစ်ကြိမ်က နောက်ဆုံးအကြိမ်လည်း ဖြစ်
သွားနိုင်တာပဲ။အရာအားလုံးကို နောက်ဆုံး
အကြိမ်တွေဖြစ်သွားခဲ့ရင်ဆိုတဲ့စိတ်နဲ့ ဟယ်ရီ အကောင်းဆုံးဖြစ်ဖို့ကြိုးစားမိနေသည်။
ဟယ်ရီ့မျက်နှာ တည်တင်းတင်းကို ပိုင်စိုးက
ငေးကြည့်ရင်း သက်ပြင်းခိုးချ​၏။

A Forgotten Love[Completed]Where stories live. Discover now