A Forgotten Love-50[Final Part]

33.2K 1K 116
                                    

Unicode

//မေ့လျော့ခံရတဲ့ ချစ်ခြင်းမေတ္တာတွေရဲ့
အဆုံးသတ်မှာ နွေးထွေးမှုရှိတဲ့ ချစ်ခြင်းမေတ္တာ
တွေကို မင်းပိုင်ဆိုင်ပါတယ် ဟန်နီ//

​နေ့သစ်များအား အစပြုတိုင်း ကိုယ့်အတွက်တော့
ကံကောင်းခြင်း လာဘ်ကောင်လေးတွေဟာ
မင်းရယ်၊သားရယ်။အိပ်ရာဝင်ချိန်တွေတိုင်း
မင်းပေးတတ်တဲ့အကြင်နာချိုမြမြတွေက
သည်ရင်မှာတော့ ဖြာဖြာဝေဝေမေတ္တာဓာတ်လေးလည်းဖြစ်တည်လွှမ်းခြုံနိုင်ရဲ့။

"ဟန်နီ့ကောင်လေး"

"ဗျာ့.."

တစ်ခါတလေ နူးနူးညံ့ညံ့လေး မင်းကိုယ်မင်း
သုံးနှုန်းတတ်တဲ့ သည်နာမ်စားကိုကြားခွင့်ရတိုင်း
ကိုယ့်မှာ ရင်ခုန်သံလည်း မြန်ဆန်လာတာ
ထိန်းချုပ်လို့လည်း မတတ်နိုင်ခဲ့။

"ဖေနယ်"

သားအသံမပီကလာလေးက စမ်းရည်ကြည်
လို သူ့အကြားအာရုံထဲ၌ အေးမြနေသည်။
ကြည်နူးမှု အလွှာတွေဟာ ရင်မှာအထပ်ထပ်ဖြစ်
တည်လာတော့ ဟယ်ရီနှင့်သားကိုပင် တစ်လှည့်
ဆီနမ်းမိသည်က တယုတယလည်းဆန်​၏။

"တစ်ဖက်ကမ်းရွာ..ရွာနာမည်ကလည်းအဆန်းပဲ"

"ဒီရွာက နည်းနည်းတော့ အစွန်အဖျားကျပေမဲ့ ပတ်ဝန်းကျင်က အခြားကမ္ဘာလိုပဲတဲ့။ဒါကြောင့်
ရွာနာမည်ကို တစ်ဖက်ကမ်းရွာလို့ ပေးထားတာ ဟန်နီရဲ့"

ဟယ်ရီက သားကို ပေါင်ပေါ်တင်ထားပြီးပိုင့်ကို
လည်း စောင်းငဲ့ကြည့်နေသည်။တစ်ဖက်ကမ်းရွာ
​၏ရွာအဝင်လမ်းကို စစဝင်တော့ ပိုင်သည် ကားကိုလည်း ဂရုစိုက်မောင်းနေရသည်။ကွန်ကရစ်ခင်းထားသောလမ်းလည်းမဟုတ်ပေ။ရွာအဝင်အား
စဝင်လိုက်ကတည်းက မြေနီနီများက စီးကြိုနေ
သည်။

"ဒက်ဒက် ဟိုမှာတောင်တောင်တွေ"

"အဲ့တာ ဆိတ်လေးတွေလေ။ဟော ဟိုနားမှာ
နွားလေးတွေ..တွေ့လား"

လမ်းတစ်လျှောက်လုံး၌ လယ်ကွင်းများက
ဘေးနံနှစ်ဖက်စလုံး ပြည့်ရဲ့။သားက နွားလေး
တွေ၊ဆိတ်လေးတွေကိုလည်း တွေ့တော့ မျက်ဝန်းတွေမှာ တအံ့တဩလေးရယ်။ရွာအဝင်လမ်းကို စဝင်ပြီဆိုကတည်းက စိတ်မှာ ထူးထူးဆန်းဆန်း
လည်းဖြစ်လာ​၏။ဒါဟာ မှော်ဆန်ဆန်အခြား
ကမ္ဘာငယ်ကို ရောက်လာသလိုမျိုးပါ။

A Forgotten Love[Completed]Where stories live. Discover now