A Forgotten Love-43

13.1K 777 47
                                    

Unicode

//ဒီအကြင်အနာမှာ မင်းအတွက်
မေတ္တာစာလေးလည်း ပါးမယ်//

ရိပ်သစ်တို့အလာကို ပိုင်တို့စောင့်ဖြစ်ကြတော့
ပိုင်က ဟန်မဆောင်နိုင် မျက်နှာပျက်ချင်နေသည်။စိုးစိုးရွံ့ရွံ့ ပိုင့်မျက်ဝန်းထံ ဟယ်ရီ အငေးတမော
လိုက်ဖမ်းကြည့်မိတော့ ဘာအတွက်ဆိုတာကို
လည်း သဘောပေါက်နားလည်လာသည်။

"ပိုင် ဘာတွေစိုးရိမ်နေတာလဲ"

"ဟို ကိုယ်.."

"ပြောရခက်ရင်လဲ မပြောနဲ့တော့။ဒါပေမဲ့
တစ်ခုတော့ရှိတယ် ဘာကိုမှ မစိုးရိမ်ပါနဲ့။
ငါတို့ အတိတ်ကို မေ့ထားကြည့်ရအောင်။
အတိတ်နဲ့ပတ်သက်တာတွေ မှန်သမျှ
ပိုင့်အတွက် ငါအားလုံးမေ့ထားပေးမယ်။
သိတာတွေရော၊မသိတာတွေကိုရော။
ဒါက ပိုင် ဆိုးခဲ့တာတွေအတွက် ခွင့်လွှတ်
ပေးလိုက်တာမျိုးတော့ မဟုတ်ဘူးနော်"

ပိုင့်ခမျာ မပြုံးနိုင်ပေမင့် စိတ်သက်သာရာတော့
ရသွားသည့်ပုံပင်။ဟယ်ရီက Matcha green tea
ကိုသောက်တော့ ဟယ်ရီ့နားမှ နားကွင်းလေးက တစ်လှုပ်လှုပ်ရယ်။

လည်စလုတ်ကလည်း လှုပ်ရှားနေတော့ ပိုင့်မှာ
ငေးငေးမောမောလိုက်ကြည့်နေမိတာဟာ မေတ္တာတွေနဲ့။

မူဟန်မပျက်အရောင်လွင်လွင်လေးနဲ့ ဆံပင်ကို
လည်း တစ်ဝက်စည်းထားတာဖြစ်ပြီး၊လက်ကောက် ဝတ်ထံ ပိုင်,ဝယ်ထားပေးတဲ့ လက်ပတ်ကြိုး
စိမ်းနုရောင်လေးကလည်း ထင်သာနေသည်။

"ဟန်နီ နောက်တစ်ခါ မင်းဆံပင်တွေကို
ကိုယ်စည်းပေးလို့ရမလား"

"ပိုင်က စည်းပေးချင်လို့လား"

ခေါင်းတညိတ်ညိတ်နဲ့ပိုင်က ကြောင်ပေါက်လေး
လိုပင်။စည်းနှောင်ထားသည့် ကြိုးကိုဖြေချလိုက်
ရင်း ပိုင့်ဆီကိုလှမ်းပေးတော့ ပိုင်က ကြောင်တောင် တောင်လေး ငေးကြည့်နေဆဲသာ။

"အခုစည်းပေး.."

ပိုင်​၏နှုတ်ခမ်းများသည် ပြုံးရိပ်လေးလည်း
သန်းလာတော့ ဟယ်ရီ့မှာ ကျေကျေနပ်နပ်ဖြစ်ရ
တော့​၏။ဒါက နှစ်လိုဖွယ်ရှိတဲ့ ပိုင့်အပြုံးတွေ။ဘယ်လောက်တောင်များ မြတ်နိုးမိရပါသလဲ။

A Forgotten Love[Completed]Where stories live. Discover now