A Forgotten Love-31

15.5K 979 67
                                    

Unicode

//Two months later..//

"ပိုင်လေး တံခါးမပိတ်ဘူးလား၊အေးတယ်လေ"

ပိုင်သည် ကုတင်ခေါင်းရင်းသို့ မှီထိုင်ထားပြီး၊ဝရန်တာဘက်မှ တံခါးချပ်တို့ကိုလည်းဖွင့်လို့ထားသည်။မိုးရာသီကုန်သော်ငြား မိုးက ရွာနေဆဲ၊
ရွာနေမြဲပါ။

ဝရန်တာဘက်မှာ လွင့်စဉ်လာသော မိုးပေါက်များက အရှိန်အဟုန် ခပ်ပြင်းပြင်းရယ်။မိုးနှင့်အတူ လေကြမ်းကြမ်းတို့ပါလာတော့ တံခါးပေါက်မှ
လိုက်ကာစ ခရမ်းနုရောင်မှာလည်း လေတလွင့်လွင့်
ဖြစ်လို့နေသည်ကိုပင် ပိုင်,က ငေးသာကြည့်နေ
သည်။မလှုပ်မရှုပ်၊မမှိတ်မသုန် တွေတွေကလေး
ငေးကြည့်နေသူ ပိုင်​၏ပါးပြင်ပေါ်ထံ မျက်ရည်စီး
ကြောင်းများ ရှိနေသေးသည်။

"မိုးအေးနေတယ်လေ..တံခါးပိတ်လိုက်မယ်နော်
ပိုင်လေး"

ပိုင့်ထံမှ စကားသံတို့ နှုတ်ဆိတ်နေခဲ့သည်မှာ
နှစ်လ။ဟယ်ရီထွက်သွားသည့်နေမှစကာ ဟယ်ရီ့အကြောင်းတို့ကိုလည်း မေးမလာ၊ပြောလာခြင်း
လည်း မရှိတော့ပေ။အမေးအထူး၊အခေါ်အပြော
တို့သည်လည်း ပျောက်ရှခဲ့တာ နှစ်လပင်
ကြာမြောက်ခဲ့ပြီ။

အက်စီးဒင့်ကြောင့် မျက်နှာ၌ ပွန်းပဲ့ရာတို့လည်း မပျောက်သေး။ဟယ်ရီနှင့်နောက်ဆုံးတွေ့ခဲ့ရသည့် ထိနေ့က ရိပ်သစ်တို့အား မနက်အစောပိုင်း
လေဆိပ်သို့လိုက်ပို့ပြီး အပြန်မှ လမ်းဘေးမီးတိုင် ကိုပင် တမင်ဝင်တိုက်ခဲ့သော သူ့အဖြစ်ကိုလည်း
ပိုင်ကိုယ်တိုင်ကသာပင် သိနေသူဖြစ်သည်။

"သားငယ် ဖေဖေတို့နဲ့ မုန့်လာစားလေ။
မင်းမေမေကိုယ်တိုင် ထန်းသီးကျောက်ကျော
ထိုးပေးထားတယ်"

ဖေဖေပြောတော့ လှည့်တော့ကြည့်သည် စကားတို့ ပြောမလာပေ။စိုးစံ အံကိုကြိတ်ထားမိလိုက်ရင်း မျက်နှာလွှဲကာ သူတိတ်တဆိတ်ငိုရ​၏။
တိတ်တဆိတ်သာ မျက်ရည်ကျရ​၏။

အခန်းပေါက်ဝတွင်ရှိနေသော မေမေကတော့ တိတ်တိတ်ကလေး ပိုင့်ကိုသာကြည့်နေရှာသည်။
အိပ်ရာပေါ်လှဲချရင်း ပိုင်,ကအိပ်တော့၊ဒါ သွားကြတော့ဆိုတဲ့ အဓိပ္ပာယ်။တံခါးတွေပိတ်တော့၊ခန်းဆီး
လိုက်ကာတွေကိုလည်းချလိုက်တော့ မီးရောင်မရှိသော ပိုင့်အခန်းထဲ၌ မှောင်ပိန်းသွားသည်။

A Forgotten Love[Completed]Where stories live. Discover now