A Forgotten Love- 16

16.4K 1.1K 68
                                    

Unicode

//မုန်းတယ်လို့ပြောတယ်..ပြီးရင် ယုယမယ်။
အမှတ်တမဲ့လား၊ဟင့်အင်း မဟုတ်ဘူး ဒါတွေဟာ တမင်သက်သက်ပေါ့ အချစ်ရဲ့//

ဘဝရဲ့ လက်တစ်ဆစ်တာ အချိုးအကွေ့လေး
မှာ မုန်းတီးရခြင်းတွေက ဖြစ်ပေါ်လာခဲ့ရတာပဲ။
အသက်ဆယ်နှစ်အရွယ် တစ်ဦးတည်းသော
သား ဆိုတဲ့ ဂုဏ်ပုဒ်ကနေ နေ့ချင်းညချင်းကြီး
ကို အစ်ကိုတစ်ယောက်ရလာခဲ့တဲ့ မင်းပိုင်စိုးသူ အတွက်ကတော့ ဒါတွေက လက်မခံနိုင်စရာ
တွေလေ။

"သူက ဘယ်သူလဲမေမေ"လို့မေးတဲ့အခါ သား
ရဲ့အစ်ကိုကြီးလေဆိုတဲ့ ပြန်ဖြေသံကို ပိုင်စိုး
မနှစ်သက်ခဲ့ပါ။စိုးစံ..မင်းပိုင်စိုးစံက သူ့အစ်ကို
တဲ့လေ။သူ့အရှေ့မှာ မြင်နေခဲ့ရတဲ့ ခပ်သန့်သန့်
ရုပ်ရည်ရှိပြီးတော့ ဆယ့်ခြောက်နှစ်အရွယ် အဲ့ဒီအစ်ကိုကို သူမုန်းမိခဲ့တာပဲ။

"သားက ဖေဖေနဲ့မေမေရဲ့ တစ်ဦးတည်း
သောသား။သူက သားအစ်ကိုမဟုတ်ဘူး။
သားမှာ အစ်ကိုမရှိဘူး"

"ပိုင်လေး..အဲ့တာသားရဲ့ အစ်ကိုကြီးပဲ။
မင်းမေမေနဲ့ အိမ်ထောင်မပြုခင်..ဖေဖေ ပထမ
အိမ်ထောင်နဲ့ ရခဲ့တဲ့သား။ဒါကြောင့်မို့ စိုးစံလေး
က ပိုင်လေးရဲ့ အစ်ကိုပေါ့။အခုကစပြီး ဒီအိမ်မှာ
အတူတူလာနေတော့မှာ"

​မေမေ့ကိုကြည့်မိတော့ ပြုံးပြနေတဲ့အပြုံးတွေ
က မှန်ကန်ပါတယ်၊ပိုင်လေး လက်ခံရမယ်ဆို
တဲ့ အဓိပ္ပာယ်တွေနဲ့။စိတ်ထဲမှာဖြစ်တည်လာခဲ့
တဲ့ ပထမဆုံး စိတ်ခံစားချက်တွေက သူအချစ်
မခံရတော့ဘူးဆိုတာမျိုးပေါ့။ဖေဖေက
သူ့သားကြီးကိုပဲ ချစ်တော့မှာ၊ပိုင်လေးကိုတော့ နည်းနည်းပဲချစ် ပေးတော့မှာဆိုတဲ့စိတ်လေးက အခြေတည်လာခဲ့တာ ပစ္စုပ္ပန်ကာလအထိဆိုပါတော့လေ။

"ပိုင်လေး..ကိုကြီးမှာ သူငယ်ချင်းတွေရှိတယ်။
သူတို့က ကပြားလေးတွေကွ သိပ်ချောတာ။
ပြီးတော့ အရမ်းလည်းအဆော့သန်ကြတယ်။
ကိုကြီးတို့ရဲ့ ခွေးပေါက်လေးက ချစ်စရာ
အကောင်းဆုံးပဲ"

ကစားစရာတွေ မျိုးစုံရှိလည်း အမြဲတမ်း
တစ်ယောက်ထဲ ဆော့နေခဲ့ရလို့ ပိုင်စိုး ပျင်းခဲ့
ရတာကြီးပါပဲ။စိုးစံရဲ့ ခွေးပေါက်လေးဆိုတဲ့
စကားတစ်ခွန်းက ပိုင်စိုးကို ပျော်သွားစေခဲ့
တယ်နဲ့တူပါရဲ့။အိမ်ကို စိုးစံရောက်လာ
ကတည်းက ကိုကြီးလို့တစ်ခွန်းတောင်မခေါ်
တဲ့ ပိုင်စိုးက အဲ့ဒီနေ့က ကိုကြီးလို့ခေါ်လာပြီး
သူ့ကိုခေါ်သွားခိုင်းခဲ့တာတော့ ဒါကအမှတ်
တရတစ်ခုပဲ။စိုးစံပြောတဲ့ ခွေးပေါက်လေးက
ခွေးလေးမဟုတ်ဘဲ ကောင်လေးတစ်ယောက်
ဖြစ်နေတော့ မင်းပိုင်စိုးသူ စိတ်ဆိုးသေးလို့ချော့ရသေးတယ်လေ။

A Forgotten Love[Completed]Where stories live. Discover now