A Forgotten Love-45

12.8K 695 51
                                    

Unicode

//ဒီရင်ခွင်ကို ခိုဝင်တဲ့အခါ
အနွေးဓာတ်ကိုလည်း အပိုင်စားယူပါ//

နေ့လယ်စာ စားချိန်ဖြစ်တော့ ပိုင်တို့တတွေ
ဘိုးဘိုးခြံထဲက ကွပ်ပျစ်ပေါ်မှာထိုင်ရင်း
ထမင်းစားဖြစ်ကြသည်။ခြံထဲမှာ သစ်ပင်
လည်းများတော့ အရိပ်လည်းရသည်လေ။
အေးလည်းအေးတော့ သားက သဘောတကျ
လေးလည်းရှိနေသည်။ဟယ်ရီတို့သုံးယောက်သား
​ရှေ့ဆံပင်တွေကို ကြက်တောင်စည်း စည်းထား
ကြပြီး၊သနပ်ခါးလည်း လိမ်းထားကြ​၏။

"ဟန်နီ..ငပိထောင်းလေးထည့်ပြီး ခွံ့ကျွေး"

"တောက်တောက်ကိုရဲ နားနားနဲ့ကျွေး"

"ဟုတ်ပြီကွာ ကျွေးမယ်ကျွေးမယ်"

ထမင်းဇလုံးကြီးထဲသို့ ထမင်းတွေဟင်းတွေ
ရောထည့်ကာ ပိုင်နှင့်သားကိုပင် ခွံ့ကျွေးလိုက်၊
ဟယ်ရီလည်းစားလိုက်နှင့် ထမိန်းမြိန်​နေ၏။
ဟယ်ရီက ထမင်းလုပ်ကြီးကြီးကိုခွံ့ကျွေးဖြစ်တော့ သားနဲ့ပိုင့်မှာသနပ်ခါးတွေနဲ့မို့ ပါးစပ်နားတစ်ဝိုက်
ထံ အဆီတွေလည်းကွက်နေကြသည်။

"ပိုင်..မင်းနဲ့သားက ချစ်စရာကြီးကွ"

"ဒါဆို ဟန်နီ့ကို ဒူးရင်းသီးခူးကျွေးမယ်"

"မနက်ဖြန်ဒူးရင်းခြံထဲသွားမယ်လေ..ပိုင်လိုက်ပို့ပေး"

"တောက်တော်ရဲ ပါမယ်"

သားအသံ မပီကလာလေးက ထွက်လာတော့
ရယ်ရယ်မောမော။ဟယ်ရီက ထမင်းခွံ့ရင်း
ဒူးရင်းသီးဘက်ကိုလည်း အာရုံရကာ စကား
လည်းအပြောမပြတ်ချေ။ပုစွန်ငါးဆုပ်ကြော်အား
ပိုင်နှင့်သားက ကိုက်စားနေရင်း ဟယ်ရီ့ကိုလည်း
မျက်နှာချိုသွေးနေကြသည်။

"အဲ့တာကို ပြီးမှဒီတိုင်းစားလေ။အခု ထမင်းကို
ကုန်အောင်စားကြ"

"ဟန်နီ စိတ်ဆိုးသွားလားဟင်"

"ဟီရယ်ဒက်ဒက်က ကြိုက်ဘူးဆိုရင်
တောက်တောက်တို့ရုပ်တော့ဘူးနော်"

ပိုင်နှင့်သားကိုကြည့်ရင်း ဟယ်ရီ့မှာ မျက်ရည်ဝဲ
တော့သည်။အပျော်ဆိုတာမျိုးတွေထက် ပီတီဆို
တာမျိုးက ပိုသာနေခဲ့သည့်ပုံ။ဟယ်ရီစိတ်ဆိုးသွားတယ်လို့ထင်တော့ ပိုင်က ဟယ်ရီ့အနားကိုကပ်ထိုင်
လာရင်း ချွဲတဲတဲလေးလည်းလုပ်လာသည်။

A Forgotten Love[Completed]Where stories live. Discover now