A Forgotten Love-34

14.6K 955 129
                                    

Unicode

//ပြက္ခဒိန်ကို လှန်ကြည့်တော့
မင်းထားခဲ့တာ တစ်နှစ်မြောက်//

တောင်အရပ်မှလာသည့် ကံ့ကော်ပန်းအနံ့ တို့က ခပ်သင်းသင်း။ကလေးတွေ ပြေလွှား ဆော့တော့ ဖုန်တလူးလူး။တစ်နှစ်အတွင်းမှာပိုင်,ပြောင်းလဲလာခဲ့ပြီ။

"ဆန္ဒရိပ်မြုံဂေဟာ"
​ခြံအပေါက်ဝ၌ ထီးထီးမားမားချိတ်ဆွဲထားသည့်
ဆိုင်းဘုတ်​။ဂေဟာတစ်ခုကို ကိုယ်တိုင်ထူထောင်
ဖြစ်တော့ အစကနဦးကြားရသည့် ဖြစ်ပါ့မလားဟူသော စကားသံ။ဒါတွေကို ပိုင့်ဘက်မှ အပြုံးနှင့်သာတုံ့ပြန်ခဲ့မိပြီး၊အလုပ်နှင့်သာ သက်သေပြရ​၏။
ပိုင်ကိုယ်တိုင် တည်ထောင်ထားသည့် ဂေဟာ၌ ကလေးပေါင်း အယောက်၂၀ရှိသည်။ပြီးနောက်
ငွေကြေးမတတ်နိုင်သည့်ကျောင်းသားတို့ကို ပညာသင်ကြေးလည်းထောက်ပံ့ပေးဖြစ်သည်။

"ဖေနယ်..ဖေနယ်"

နှစ်နှစ်သာသာကလေးငယ်လေး ဆန္ဒပိုင်သာ,က ဖေငယ်ဟု ပိုင့်ကို မပီတပီလေးခေါ်ရင်း ပိုင်,ထိုင်နေသည့် ဝါးကွပ်ပျစ်ဆီသို့ အပြေးလေးလာနေသည်။
ဆံပင်ကောက်ကောက် လုံးလုံးကလေးဖြင့် အပြေးလာတော့ လက်ဆန့်တန်းကာ ပိုင်,ကကြိုမိ​၏။
သည်ကလေးလေးကို စတွေ့တုန်းက ပိန်ပိန်သေး
သေးလေးလေ။

"ကောက်ကောက် ဘာဖြစ်လာတာလဲ"

"တောက်တောက်ကို တောက်တောက်လို့
ခေါ်နဲ့ချို..ဖေနယ်နော်"

ဆန္ဒပါးသို့ နမ်းပစ်တော့ နှုတ်ခမ်းလေးစူသွားသည်။ပိုင်က သဘောတကျရယ်ရင်း စကားမပီ
သည့် ဆန္ဒစကားသံကိုလည်း သဘောကျနေမိတာ
ပင်။သူ့ကိုယ်သူ ကောက်ကောက်ဟုသုံးနှုန်းတတ် ပြီး ပိုင်တို့က ကောက်ကောက်ဟုခေါ်လျှင် မကြိုက် တတ်သော ကလေးဖြစ်​၏။

ဆန္ဒအား ပိုင်သည် အမွေစားအမွေခံ မွေးစားထား
သော ကလေးဖြစ်သည်။ဂေဟာသို့ လာလျှင် ဆန္ဒကိုခေါ်လာဖြစ်ပြီး၊ပြန်လျှင် အိမ်သို့ မနည်းပြန်ခေါ်ရသည်။

ဆံပင်ကောက်ကောက်လေးတွေကိုပင် ပွတ်သပ်
မိတော့ ဆန္ဒဆီမှ အသံလေးကထွက်လာသည်။

"ဖေနယ် မမလှရောက်ရောက်"

"ဖေငယ့်သားလေးကို အဲဒီမမလှလှက လာခေါ်ခိုင်းတာလား"

A Forgotten Love[Completed]Where stories live. Discover now