A Forgotten Love-36

15.1K 938 120
                                    

Unicode

//တွေ့ရတာဝမ်းသာတယ် ပိုင်..
ကိုယ်ပြန်ရောက်ပြီ..//

Fable Cafe၌ မှာထားသည့် ပူတင်းနှင့်ပေါင်မုန့်
တို့အား ပိုင်,ကိုယ်တိုင်ပင် သွားယူဖြစ်သည်။
သည်ကနေ့ ဂေဟာကိုသွားရမည်။ဆန္ဒလေးကို
လည်းခေါ်လာရင်း Cafeဆိုင်ရှင်​၏ သားနှင့်လည်း
ဆော့ဖို့ အချိန်ပေးရသေးသည်။ဆန္ဒနှင့်အသက် မတိမ်းမယိမ်းမို့ တည့်လည်းတည့်ကြပြီး၊ပြီးလျှင် တော်တော်နှင့်လည်း ပြန်ဖို့ခေါ်မရပါ။

"ဖေနယ်..တောက်တောက် ပြန်သေးဝူးနော်။
တောက်တောက်..ဒီရေနဲ့ချော့ရုံးမရို့"

"ဦးဦး ခဏရေးနော် တောက်တောက်ကို
ခေါ်သွားနဲ့ရုံး။ဒီရေးနဲ့ ချော့ဖို့.."

လက်ကလေးတခါခါဖြင့် ကလေးနှစ်ယောက်မှ ဆော့ဦးမည်ဖြစ်ကြောင်း တစ်လှည့်စီ ပြောနေကြ
တော့​၏။စားပွဲပေါ်သို့ မုန့်ဘူးတို့ကိုတင်လိုက်ရင်း ကြားရသော မပီကလာစကားသံများကြောင့်
ပိုင်သည် ပြုံးမိနေသည်။ဆိုင်ရှင် တည့်တံ့မောင်
ကလည်း ကလေးနှစ်ယောက်ကိုကြည့်ကာ အရယ်
မပျက်ချေ။

"ဆော့ကြပါကွာ..ဆန္ဒလေးရဲ့ဖေငယ်လည်း
မပြန်သေးပါဘူး၊ဦးဦးနဲ့စကားပြောဦးမှာ။
ဒီဒီ..ဆန္ဒလေးက သားထက် နည်းနည်းငယ်တော့ ညီညီလေးပဲ၊သူငယ်ချင်းဆိုလည်းဟုတ်တယ်။
ရန်မဖြစ်ရဘူးနော်..daddy သိရင်ဆူခံရမှာ သိတယ် မလား"

"ဟုတ် ဖေ..ဒီ ချိုးဝူးနော်။
ရာတောက်တောက် သွားချော့မယ်..
ကွစ်ကီးဂိုးဂိုး"

"ဂိုးဂိုး.."

တခစ်ခစ်ရယ်သံတို့က ဆိုင်ထဲတွင် အထင်းသား
ပင်။ကလေးနှစ်ယောက်စလုံး​၏ ဖိနပ်တို့က
ခြေတစ်လှမ်းလှမ်းတိုင်း အသံတို့ထွက်တော့
ဒါကိုလည်း သဘောကျကာ တစ်ခစ်ခစ်ရယ်
ကြပြန်​၏။အဝါရောင်တောက်တောက် ဝမ်းဆက်
နှင့်မျက်လုံးပြာပြာ ဘိုကပြားလေးက ဒီရေဦးဆို
သည့် ကလေးလေးပင်။ခရမ်းရင့်ရောင် ဝမ်းဆက်၊ဆံပင်ကောက်ကောက်လေးနှင့်က ဆန္ဒပိုင်သာ,
ဖြစ်​၏။

"Mochaပဲမလား ကိုပိုင်စိုး"

"ဒီလာတိုင်း ကိုတည်တံ့က အလကားတိုက်တော့ ကျွန်တော်တောင် အားနားလာပြီ။ကျွန်တော့်သားလေး စားတဲ့မုန့်ဖိုးကိုတော့ ရှင်းပါရစေဗျာ"

A Forgotten Love[Completed]Where stories live. Discover now