A Forgotten Love-37

15.6K 936 84
                                    

Unicode

//မေတ္တာတွေဟာ မခမ်းခြောက်ပါဘူးဆိုရင်..
"ကိုယ့်အတွက် မင်းရဲ့မေတ္တာတွေရော ဟန်နီ"လို့
ကိုယ်မေးခွင့်ရှိရဲ့လား//

နာနာကျင်ကျင် မင်းက ငြင်းပယ်တတ်လာတယ်..။ဒီလိုနဲ့ နာနာကျင်ကျင်ဆိုတဲ့ သံသရာစက်ဝန်းမှာ
ကိုယ်တို့တွေ အဖန်ဖန်လည်ပတ်နေဖို့ပဲရှိမယ်။

"မင်းက ဒီအတိုင်းလေး နားနားနေနေ နေထိုင်ပါ။
ကိုယ်က မင်းဆီကို နူးနူးညံ့ညံ့နဲ့လှမ်းလာရင်း လက်ကမ်းပေးပါ့မယ်"

ဟယ်ရီနှင့် စကားပြောပြီးနောက်တော့ အခန်းထဲ၌သာ ပိုင်ထိုင်နေဖြစ်ခဲ့တာ ငူငူငိုင်ငိုင်။
Bonsaiတို့ကို ကြည့်ရင်းလည်း မင်းအမှတ်နဲ့
ရင်ဖွင့်ပစ်တော့ ကိုယ်သတ္တိနည်းနေသေးတာမျိုးပေါ့ ဟန်နီ။

အကြည့်စိမ်းစိမ်းနဲ့ အဲသည့်ရပ်ဝန်းတွေကိုလည်း ကိုယ်ကြောက်တယ်။ဒါ နောက်ထပ်တစ်ကျော့ပြန် လာခဲ့တဲ့ ဟယ်ရီ့ရဲ့ နာနာကျင်ကျင် ငြင်းပယ်မှုဆိုတာမျိုးလား။ကိုယ့်အပြစ်တွေလို့ ခံယူပစ်တော့
ဒီလူမှာလည်း ခံစားချက်တွေက ဗရုတ်သုတ်ခ။

"မင်းရဲ့ အကြည့်တွေကို ကိုယ်ကြောက်တယ်
ဟယ်ရီ။မင်း အရမ်းပင်ပန်းနေမှာ"

တဒေါက်ဒေါက်မြည်သံနှင့် အခန်းတံခါးခေါက်သံ။အခန်းပြင်မှ ဖေငယ်ဟု မပီတပီဆန္ဒလေး​၏
ခေါ်သံက တိုးဖျဖျရယ်။ခပ်ကြာကြာဆက်ခေါက်
နေရရင် သားရဲ့ လက်ဆစ်လေးတွေ နာကုန်မှာစိုးတော့ တံခါးထဖွင့်ပေးမိတာ ကပျာကယာ။

"ရုပ်ရုပ်တွေ ချိုးချံပေးရာ"

"သားငယ်..ဪ ဟယ်ရီ"

ဆန္ဒလေးတစ်ယောက်တည်းပင် မဟုတ်။
ဟယ်ရီကိုယ်တိုင် ဆန္ဒလေးကို ချီထားတော့
သားအဖနှင့်ပင်တူသည်။ပီတိဆိုတဲ့ အပြုံး
လားတော့ မသိ။ရယ်ပြုံးမိတာ ရှည်ကြာကြာ။
ဟယ်ရီနဲ့သားကို တွဲကြည့်ဖြစ်တော့ သားက
ဟယ်ရီ့ ကိုယ်ပွားလေးလိုပင်။

"ကလေးက ဗိုက်ဆာလို့တဲ့ အဲ့တာ.."

"ဟုတ်သားပဲ လာလာ သားငယ်..ဖေငယ်
ကျွေးဖို့မေ့နေတာ"

A Forgotten Love[Completed]Where stories live. Discover now