A Forgotten Love-30

17.7K 993 73
                                    

Unicode

//တစ်စ..နှစ်စ...
ဒီလိုနဲ့ မင်းက ချန်ထားရစ်တယ်//

ဝေလီဝေလင်း အာရုံတက်စပြုချိန်မှာ ကိုယ်နိုးထတော့ မင်းက ပျောက်ဆုံးလုပြုတယ် ဟယ်ရီ။အိပ်ရာတစ်ဖက်ခြမ်းမှာ မင်းကိုယ်ငွေ့ နွေးတေးတေးလေးတော့ ရှိပါသေးရဲ့။ဒါ မကြာသေးခင်က
မှ မင်းထွက်သွားတယ်ဆိုတဲ့ သက်သေပေါ့ ဟန်နီ။
ဟုတ်ရဲ့လား။

"မင်း ကိုယ့်ဆီကိုပြန်လာမှာပါ။
ပြန်အောင်လည်း ကိုယ်လုပ်မှာမို့..မင်းက
ပြန်လာပေးရုံပဲ ဟယ်ရီ"

အိပ်စက်မဲ့ လွတ်လပ်နေတဲ့ မင်းရဲ့ ခေါင်းအုံး
ကို ကိုယ်ထွေးပိုက်တော့ စိုစွတ်နေဆဲဖြစ်တဲ့
မျက်ရည်စတွေ။အိပ်မက်လား၊လက်တွေ့လား
ဝေခွဲမရတဲ့ အနမ်းတွေ။မင်းပြောခဲ့သလိုပဲ
ကိုယ်က မျက်ရည်လွယ်လာတော့ ဒီတစ်ခါ
လည်း ငိုမိတာပဲ။အိပ်ရာပေါ်က မင်းရဲ့ကိုယ်ငွေ့
နွေးတေးတေးက အေးစက်လုပြုလာပြန်တော့
ကိုယ့်ရင်ကိုပူလောင်လာစေတာ ပရမ်းပတာ။

"တစ်..နှစ်..မင်းထားခဲ့ပြန်ပြီ"

မင်းထားခဲ့တဲ့ အကြိမ်တချို့ကို ကိုယ်ရေတွက်
ကြည့်တော့ ပြီးဆုံးအောင် မရေရွတ်ဖြစ်ခဲ့။
ကိုယ်ကပဲ အကြိမ်ကြိမ် ပစ်ပယ်မိခဲ့တဲ့အဖြစ်။
ကိုယ်က ဒီလိုပဲ မင်းပြောခဲ့သလို ရက်စက်တတ်
တဲ့နေရာမှာ နှစ်ယောက်မရှိတဲ့ အကောင်ပေါ့။
မင်းကြိုက်တဲ့ Dean Lewis ရဲ့ Be Alright
သီချင်းသံက ကိုယ့်ဖုန်းကနေထွက်လာတော့
မင်းများကြားရင် ပျော်နေမှာဆိုတဲ့ အတွေးနဲ့
ကိုယ်တိတ်တိတ်ကလေး ရယ်လို့ ရယ်မိနဲ့။
ဒီသီချင်းက ဝမ်းနည်းဖို့ကောင်းတာလည်း
သိရဲ့။ဒါကြောင့် မင်းက သဘောကျတာပေါ့။

ကျသွားတဲ့ အဝင်callကို ထပ်မခေါ်ဖြစ်ပဲWallpaperက မင်းရဲ့ပုံကို ငူငူငိုင်ငိုင်ထိုင်
ကြည့်ဖြစ်တော့ Phone Screen ပေါ်ကျလာတဲ့ မျက်ရည်စက်တွေ၊ဒါတွေက နောက်ကျမှ မင်းကို
ချစ်မိသွားလို့ နောင်တဆိုတာပေါ့။မင်းက
ပြောရင်ပြောတဲ့အတိုင်း တည်တတ်တဲ့လူမှန်း
ကိုယ်ပိုသိလာတယ်။

မင်းပြောခဲ့ဖူးသားပဲ ကိုယ်က မင်းကို အသည်း
နာအောင်လုပ်တယ်၊မင်းက ကိုယ့်ကို နောင်တ
တွေပဲကျန်အောင် လုပ်ပြမယ်ဆိုလား။
ဒါတွေသာ အတည်ဖြစ်လာမယ်မှန်းသိရင်
မင်းရဲ့စကားတွေကို စူးစိုက်နားထောင်ပစ်မိခဲ့မှာ
ဟန်နီရဲ့။မှန်တယ် ဒါတွေက ကိုယ့်အပြစ်။

A Forgotten Love[Completed]Where stories live. Discover now