A Forgotten Love-29

15.6K 939 84
                                    

Unicode

//ချစ်ခြင်းမေတ္တာက အချိန်၊နေရာမရွေးဘဲ
မင်းအနောက်ကို လိုက်နေမှာ ဟန်နီ//

အရှေ့ဆံပင်ရှည်တို့ကို ကြက်တောင်စည်းစုစည်းထားပြီး ရွှေတောင်ခေါက်ဆွဲကို ငရုတ်သီးစိမ်း တကိုက်ကိုက်ဖြင့်စားနေသည့် ပိုင်စိုးကို အမေ
ဖြစ်သူက ခပ်ပြုံးပြုံးသာထိုင်ကြည့်နေရှာသည်။
စိုးစံမှာ ကြောင်အအထိုင်ကြည့်နေမိပြီး ခေါက်ဆွဲတို့ကိုလည်း ထိပင်မထိရသေးချေ။အဘိုးနဲ့အဖေ
တို့ကတော့ စိုက်ခင်းခြံအကြောင်းပြောရင်း သူတို့အာရုံနှင့်သူတို့ပင်။

"မေမေ..မေမေ့သားလေး စိတ်ရောမှန်သေးရဲ့
လား။ရွှေတောင်ခေါက်ဆွဲကို ငရုတ်သီးစိမ်းတွေရော၊ကြက်သွန်ဖြူတွေနဲ့ရော..စားနေတာ၊သူ့ပုံစံလေးကိုလည်းကြည့်ပါဦး၊တကယ် တစ်ခုခုပဲ"

"ဟေ့ကောင် စိုးစံ..ငါမရူးဘူးကွ"

"ဘယ်အရူးက ငါအရူးပါတယ်ဆိုပြီး ပြောနေလို့လဲ"

"မင်းနော်..ငါ လည်ပင်းညှစ်သတ်မှာ"

"ပိုင်လေး ကိုယ့်အစ်ကိုကို အဲ့လိုမပြောရဘူးလေ"

အမေက ဟန့်တားတော့ ပိုင့်မျက်နှာစူပုပ်ပုပ်
ဖြင့် ခေါက်ဆွဲကိုသာ ဆက်စားရှာ​၏။သူကျေနပ်
သည်တော့မဟုတ်။

မိနစ်အနည်းငယ်မျှကြာပါက စိုးစံမှာ ခင်ထူးမွန်
နှင့်ချိန်းထားသည်ဆိုကာ အိမ်မှထွက်သွားပြီဖြစ်
သည်။ကံကြမ္မာက စီမံပေးလိုက်ပုံများ တည့်တည့် ကိုတိုးချင်တော့ ပြေသုအမရာနှင့် မင်းပိုင်စိုးစံ
တို့မှာ တန်းတိုးတော့​၏။

ခင်​၏လက်ကိုတွဲထားဆဲသူသည် ထိုအမျိုးသမီးရှေ့မှ ရှောင်ဖယ်ရန် ကြံရွယ်ရာ၌ ပြေသုကတား​၏။

"မသွားပါနဲ့အုံး စိုးစံ..ငါ စကားခဏလောက်ပြော
ချင်လို့"

"ငါ့မှာ မင်းနဲ့ပြောစရာမရှိဘူး ပြေသု။
ငါ့ကို ခင်,အထင်လွဲသွားတာမျိုး၊စိတ်ကွက်သွားမှာမျိုးကို မဖြစ်စေချင်ဘူး"

"ငါ့ညီရှေ့မှာလည်း ထပ်ပေါ်မလာနဲ့။ဟယ်ရီ့
ကိုလည်း ဒုက္ခမပေးနဲ့။သူတို့နှစ်ယောက်လုံး
မင်းကြောင့်နဲ့ ထပ်ပြီးတစ်ခုခုဖြစ်လာရင် ငါ့နဲ့ ထိပ်တိုက်တွေ့မယ်မှတ်ပါ"

A Forgotten Love[Completed]Where stories live. Discover now