A Forgotten Love-12

16.3K 1.1K 212
                                    

Unicode

//အလိုက်အထိုက် ဆက်ဆံပေးမှုတွေမှာ
အရောင်တွေ မပါဘူး//

စက်ရုံကိုသွားပြီး ဟယ်ရီတို့ နေ့တစ်ဝက်
ကျော်တဲ့အထိ အလုပ်ရှုပ်နေခဲ့လို့ နေ့လယ်
စာတောင် မစားရသေးပါ။ဟယ်ရီ ခြေခေါက်
လဲတော့မှ ခဏနားဖြစ်ကြပြီး နေလယ်စာစား
ဖို့ ထမင်းဆိုင်ကိုရှာရတော့သည်။

အကြောညက် သွားသည့်ခြေထောက်ကြောင့် ဟယ်ရီ လမ်းလျှောက်ဖို့လည်း အဆင်မပြေတော့ပါ။ဖြည်းဖြည်းချင်းလျှောက်တော့ လိုသလိုခရီးက,မရောက်။

"ကျွန်တော် ကူတွဲပေးမယ်"

ဇွဲလွန်းပြည့် ပြောရင်းနှင့်ပင် ဟယ်ရီ့ပခုံးကို ဖက်လာပြီး ကူတွဲပေးလာသည်။ဟယ်ရီငြင်းဖို့
ကြိုးစားပေမင့် ဇွဲလွန်းပြည့်​၏လက်က ဟယ်ရီ့
ပခုံးပေါ်သို့ ရောက်နေနှင့်ခဲ့ပြီ။ဟယ်ရီ့ကို ပြုံး
ပြပြီး စိုက်ကြည့်နေခဲ့တဲ့ ဇွဲလွန်းပြည့် ကြောင့် ဟယ်ရီနေရခက်လာသည်။အတင့်ရဲလွန်းတာ
ဟုပင် ဟယ်ရီခံစားမိသည်။သည်လိုမရိုးမသား မျက်လုံးတွေကို ဟယ်ရီသဘောမကျပါ။

"ရပြီ၊အစ်ကို အဆင်ပြေတယ်။ဆိုင်ထဲ အရင်
ဝင်နှင့်..အစ်ကို ဖုန်းဆက်စရာရှိသေးလို့"

"ကျွန်တော် စောင့်နေပေးမယ်လေ"

"မလိုဘူး..ရတယ်"

ဇွဲလွန်းပြည့်​၏လက်တွေကို ဖယ်ချလိုက်ပြီး
ဟယ်ရီ ခပ်ပြတ်ပြတ်ပင် ပြောမိတော့သည်။
ဖုန်းကိုထုတ်ပြီး ပိုင်စိုးဆီသို့ ဖုန်းလှမ်းဆက်
ဖြစ်သည်။ပိုင်စိုးက လွမ်းတယ်လို့ပြောတော့ ဟယ်ရီ ပျော်မိရပြန်တာပဲ။ငါးမိနစ်လောက်သာ
ဖုန်းပြောပြီး ညမှအေးဆေးပြန်ဆက်မယ်လို့ ဟယ်ရီ ပြောလိုက်ရသေးသည်။မဟုတ်ရင်
ဟယ်ရီနေ့လယ်စာ ငတ်တော့မှာ။ဆိုင်ထဲကို
ဟယ်ရီရောက်တော့ ခင်ထူးမွန်နဲ့ဇွဲလွန်းပြည့်
က ထမင်းကြိုမှာ ပေးပြီးထားပြီ။

"အစ်ကို ပုစွန်စားတယ်မလား"

"အစ်ကို ဟင်းချိုလည်းကောင်းတယ်၊သောက်
ကြည့်လေ"

"ဒီအရွက်ကြော်လေးလည်း အရသာရှိတယ်
စားကြည့်"

ဇွဲလွန်းပြည့်ကြောင့် ဟယ်ရီစိတ်မရှည်တော့ချေ။
သူတို့နယ်ရောက်နေကြတာ နှစ်ရက်မြောက်နေ့
ပင်ဖြစ်သည်။ခင်ထူးမွန်က မိန်းကလေးဆိုတော့
သီးသန့်တစ်ခန်းနေပြီး ဟယ်ရီနှင့်ဇွဲလွန်းပြည့်
တို့က နှစ်ယောက်ခန်းတွင်နေရသည်။ကုမ္ပဏီ
မှ ကားသမားနဲ့ တခြားဌာနက ဝန်ထမ်းနှစ်
ယောက်က တစ်ခန်းနေသည်။ကားပေါ်မှာထဲက
ဇွဲလွန်းပြည့် ရိသဲ့သဲ့လုပ်နေသည်ဟုပင် ဟယ်ရီ
ခံစားနေရသည်လေ။

A Forgotten Love[Completed]Where stories live. Discover now