A Forgotten Love-3

29.4K 2K 110
                                    

Unicode

//သစ္စာရှိတဲ့ ခွေးလိမ္မာလေးက ဟယ်ရီမြတ်သာ//

ယမန်နေ့ညက ပိုင်စိုးတို့ စကားများခဲ့ရသည်။
ထို့ထက်ဆိုးသည်က အတူတူနေကြရန် ပိုင်စိုး
က တောင်းဆို​၏။ဟယ်ရီမြတ်သာမှ သူ့ကိုစိတ်
ဆိုး၊ဒေါသမဖြစ်လျှင် အဘယ်သူ ဖြစ်နိုင်ပါဦး
မည်နည်း။

အထိုးခံရ၊အဆဲခံခဲ့ရပါလည်း မင်းပိုင်စိုးသူက
တော့ ဂရုစိုက်ပုံပင်မရချေ။

ဟယ်ရီ ဆဲတာ၊အော်တာကိုလည်း စိတ်မဆိုးမိ
ပေမင့် သူနမ်းတာကို ငြင်းပယ်ပစ်လို့တော့ ပိုင်စိုး
စိတ်ဆိုးမိခဲ့ရသည်။ဒါက သူ့မာနကိုထိခိုက်စေခဲ့
တယ်လို့ သူထင်နေပုံရ​၏။မတရားမှုဆိုသည်ကို
ပင် သူတွေးမိပါသည်။သို့ပေမင့် သည်ခံစားချက်
အမှန်မှာ မည်သည်ဆိုတာမှန်း သူ,မသိချေ။

ရက်သတ္တပတ်အနည်းငယ်မျှ ကြာပြီးသည်အထိ ဟယ်ရီက ပိုင်စိုးကိုလည်း စကားမပြောခဲ့ပါ။
သည်လောက်တော့ လုပ်ပစ်သင့်ပါသည်။
မဟုတ်..ထို့ထက်ပိုပြီး လုပ်ပစ်ခဲ့သင့်ပါသည်။

"ဟယ်ရီ..ကိုယ်တို့ dateလုပ်ကြမလား။မင်းက အချိုကြိုက်တယ်မဟုတ်လား၊ငါ..ဆိုင်တစ်ဆိုင် တွေ့ထားတယ်"

သူ့ရည်းစားများနှင့် သွားခဲ့ဖူးသည့် ဆိုင်ဆိုတာ
ကိုတော့ ပိုင်စိုးက တကူးတကမပြောပြဖြစ်တော့
ပါ။ဟယ်ရီက အစပိုင်းတော့ပြုံးလာပေမင့်
နှုတ်ခမ်းမှာမဲ့ကျလာကာ ခနော်ခနဲ့လေးပင်
ရယ်ချလာတော့​၏။

သုံးနှစ်..ဒီသုံးနှစ်အတွင်းမှာ ဟယ်ရီအချိုမစား
နိုင်တာကို ပိုင်စိုးက သိပင်မသိ။ချိုအီနေတာကို ဟယ်ရီမကြိုက်သလို စားလည်းမစားနိုင်ပါ။
သူကြိုက်တာက ခါးသက်တဲ့အရသာတွေ။
ဥပမာ-Black Coffeeတစ်ခွက်။ထပ်ပြီး ဥပမာ
ပေးရလျှင် ပိုင်စိုး​၏ ခါးသက်သက်ဥပေက္ခာတွေ။

"ငါ့အကြိုက်တွေကို မင်းသိရောသိရဲ့လား ပိုင်စိုး။ဒါမှမဟုတ် ရမ်းသန်းပြီးများပြောလိုက်သလား.."

ဟယ်ရီက ခနဲ့တဲ့တဲ့ပြန်မေးလာခဲ့ပေမင့် ပိုင်စိုး​၏
စိတ်ထဲ၌တော့ ပျော်မိသွားသည်။ဟယ်ရီကသူ့ကိုစကား ပြန်ပြောလိုက်တာ။ဟုတ်တယ် ဟယ်ရီ စကားပြန်ပြောလာတာ။

A Forgotten Love[Completed]Where stories live. Discover now